ရန်ကုန်တိုင်းအတွင်းလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် BFRAF အဖွဲ့ဝင် ၁၁ ဦးအားထပ်မံဖမ်းမိဟု နစက ထုတ်ပြန်

0
202

ရန်ကုန်တိုင်းအတွင်းလက်လုပ်မိုင်းများဖြင့်ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် BFRAF အဖွဲ့ဝင် ၁၁ ဦးအားထပ်မံဖမ်းမိဟု နစက ထုတ်ပြန်

ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်နှင့်သာကေတမြို့နယ်တို့တွင် လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင် ၁၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

နစက မှ ဇွန် ၂၆ ရက်ကထုတ်ပြန်ခဲ့သည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင်များဖမ်းဆီးရမိမှုမှ ဖမ်းဆီးရမိသူများအား စစ် ဆေးဖော်ထုတ်ချက်အရ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ဇွန် ၂၆ ရက်ညပိုင်းတွင် BFRAF အဖွဲ့ဝင်များဖြစ်သည့် ရှုမောင်မောင်အောင်၊သင်းရနံ့လှိုင်၊ထက်လင်းနိုင်၊အေးသီရိမိုး၊ဝေယံဖြိုး၊ဇွန်ပွင့်ခင်ဦး၊ကျော်ဇင်သိန်း၊ဖြူဖြူသွယ်၊ကောင်းဆက်သူ၊ခင်သန္တာလွင်နှင့်ဝေယံမိုးဦး(ခ)ဂျင်မီတို့အား လုံခြုံရေးအဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်းတစ်ခုအ တွင်းမှ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ Sigsauer ပစ္စတို ၁ လက်၊၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ ကျည် ၅၀ တောင့်၊လက်လုပ်မိုင်း ၇၀ လုံး၊လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံး ၃ ပုံး၊ ၂ ဂါလံဆံ့ အက်ဆစ်ပုံး ၂ ပုံး၊ Keypad ဖုန်း ၁ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် ခင်သန္တာလွင်၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊အမှတ်(၂)ရပ် ကွက်၊စာတိုက်(၂)လမ်း၊အိမ်အမှတ်(ခ/၁၆)မှ လက်လုပ်မိုင်း ၅ လုံးနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူများသည် ဇန်နဝါရီ ၁ ရက်က ကျောက်တံတားမြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်ဖေဖော်ဝါရီ ၁ ရက်တွင် သာကေတမြို့နယ်၊ရန်အောင်ရပ်ကွက်၌ လက် လုပ်မိုင်းများဖြင့် ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည်ဟု စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here