ဂျော်ဒန်ဆိပ်ကမ်း၌ ကလိုရင်းဓာတ်ငွေ့ထွက်ကျမှုကြောင့် လူ ၁၂ ဦးသေဆုံးကာ ၂၅၁ ဦး ဒဏ်ရာရရှိ

0
68

ဂျော်ဒန်ဆိပ်ကမ်း၌ ကလိုရင်းဓာတ်ငွေ့ထွက်ကျမှုကြောင့် လူ ၁၂ ဦးသေဆုံးကာ ၂၅၁ ဦး ဒဏ်ရာရရှိ

ဂျော်ဒန်နိုင်ငံ Aqaba ဆိပ်ကမ်းရှိ သိုလှောင်ကန်တစ်ခုမှ ကလိုရင်းဓာတ်ငွေ့​ထွက်ကျမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ ၂၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများက ဇွန်လ ၂၇ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ဂျီဘူတီနိုင်ငံသို့ ကလိုရင်းဓာတ်ငွေ့တင်ပို့ရန် ပြင်ဆင်နေစဉ် ၂၅ တန်ရှိသော ကလိုရင်းဓာတ်ငွေ့ သို့လောင်ပုံးတစ်ခု သင်္ဘောကုန်းပတ်ပေါ်သို့ ပြုတ်ကျခဲ့ကာ ယင်းကဲ့သို့ စိမ့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဝန်ချီစက်ဖြင့်မတင်နေသည့်
ဓာတ်ငွေ့သိုလှောင်ပုံးတစ်ခုသည်သင်္ဘောကုန်းပတ်ပေါ်သို့ အရှိန်ပြင်းစွာပြုတ်ကျခဲ့သည်။ ထို့နောက် အဝါရောင်ဓာတ်ငွေ့များ လေထဲသို့ တက်လာ၍ လုပ်သားများထွက်ပြေးကြရသည်ကို နိုင်ငံပိုင်ရုပ်သံလိုင်း Jordan TV၏ တင်​ဖော်ပြခဲ့သည်။

ထိုဖြစ်စဥ်​ကြောင့် ဆေးရုံတင်ထားရသောလူနာများမှာသက်သာလာပြီး အနည်းငယ်သာ ဆက်လက်ကုသဖို့လိုမည်ဟု မျှော်လင့်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကအင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဂျော်ဒန်ဝန်ကြီးချုပ် Bisher al-Khasawneh သည် Aqaba သို့ရောက်ရှိလာပြီး ဒဏ်ရာရသူအချို့အား ကုသပေးနေသည့် ဆေးရုံသို့ သွားရောက်ကာ ကြည့်ရှုမေးမြန်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ဖော်ပြခဲ့သည်။

Al-Khasawneh က အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးမှ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကလိုရင်းအား ပိုးသတ်ဆေးအ​နေဖြင့် ရေသန့်စင်ရာ၌ ​ရောစပ် အသုံးပြုသော်လည်း ၄င်းချည်းသက်သက် ရှုသွင်းမိက ခန္ဓာကိုယ်အတွင်းပိုင်း လောင်ကျွမ်းခြင်းနှင့် အဆုတ်အတွင်း ရေကဲ့သို့ အရည်များစုပြုံလာ၍ အသက်ရှုမဝခြင်း၊ ချောင်းဆိုးခြင်းတိုကို ဖြစ်ပေါ်စေသော ဟိုက်ဒရိုကလိုရင်းဓာတ်ငွေ့အဖြစ်သို့‌ ပြောင်းသွားပြီး အသက်ပင်သေဆုံးစေနိုင်ကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here