မုံရွာ – မန္တလေး ကားလမ်းပေါ်၌ မိုင်းပေါက်ကွဲမှုကြောင့် လမ်းအသုံးပြုသူ ပြည်သူ (၃) ဦး ဒဏ်ရာအပြင်းအထန် ရရှိ

0
111
မုံရွာ – မန္တလေး ကားလမ်းပေါ်၌ မိုင်းပေါက်ကွဲမှုကြောင့် လမ်းအသုံးပြုသူ ပြည်သူ (၃) ဦး ဒဏ်ရာအပြင်းအထန် ရရှိ
ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းတွင် ဇွန်လ (၂၇) ရက် ညနေပိုင်းက မိုင်း ပေါက်ကွဲမှုကြောင့် လမ်းအ သုံးပြုသူ ပြည်သူ (၃)ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဇွန် (၂၇) ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မုံရွာ – မန္တလေး ကားလမ်း တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး မုံရွာမြို့မှ အမျိုး သား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ချောင်းဦးမြို့မှ အမျိုးသား (၁) ဦး မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့နေ မောင်ဖိုးချိုနှင့် မဝင်းဝင်းခိုင်တို့ (၂) ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ချောင်းဦးမြို့မှ မုံရွာမြို့သို့လည်း ကောင်း၊ ချောင်းဦးမြို့နေ မခင်ငြိမ်းမြတ် သည် ဆိုင်ကယ်တစ်စီးဖြင့် ဆိုင်ကယ်ဆီဖြည့်ရန် အသီးသီးမောင်းနှင်လာစဉ် ချောင်းဦးမြောက်ရပ် ကွက် မုံရွာ – မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၇၀) မိုင် (၁) ဖာလုံနှင့် (၂) ဖာလုံအကြားသို့အရောက်တွင် လမ်းပေါ်၌ ထောင်ထားသည့် မိုင်းအားနင်းမိရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် မုံရွာမြို့နေ မောင်ဖိုးချဲ့(၁၇)နှစ်တွင် ဝဲပေါင်မိုင်းစထိမှန်အရိုးကျိုးဒဏ်ရာ (၂)ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ (၁) ချက်နှင့် မဝင်းဝင်းခိုင်(၁၇)နှစ်တွင် ဝဲတင်ပါးမိုင်းစထိမှန် ဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာ (၁) ချက်၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်နေ ဒေါ်ခင်ငြိမ်းမြတ်(၂၉)နှစ်တွင် ယာလက်ဖျံမိုင်းစထိမှန် ဒဏ်ရာ (၁) ချက်၊ ယာခြေ သလုံးမိုင်းစထိမှန်ဒဏ်ရာ (၁) ချက် ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် (၃) ဦးကို ချောင်းဦး ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးနေပြီး မိုင်းထောင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here