၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတွင် နယ်စပ်ဒေသဆိုင်ရာကိစ္စများနှင့်အခြားကိစ္စများအား ဆွေးနွေး

0
204

၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတွင် နယ်စပ်ဒေသဆိုင်ရာကိစ္စများနှင့်အခြားကိစ္စများအား ဆွေးနွေး

၃၄ ကြိမ်မြောက် မြန်မာ- ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ပထမနေ့အဖြစ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးအောင်စိုးနှင့်ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ အတွင်းရေး မှူး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဗိုလ်မှူးချုပ်ခိုင်လင်း၊ထိုင်းကိုယ်စားလှယ်အဖွဲ့ အတွင်း ရေးမှူး Gen. Satorn Sireyanon နှင့်မြန်မာ-ထိုင်းနယ်ခြားကော်မတီအဖွဲ့ဝင်များက ၃၃ ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော် မတီအစည်း အဝေးမှတ်တမ်းအားပြန်လည်သုံး သပ်ခဲ့ကြသည်။

ထို့ပြင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာကိစ္စများ၊နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ၊နှစ်နိုင်ငံနယ် နိမိတ်ဆိုင်ရာကိစ္စများ၊နယ်စပ်ဒေသဆိုင်ရာကိစ္စများနှင့်အခြားကိစ္စများအား ကဏ္ဍအလိုက်ဆွေး နွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီးအောင်စိုး၊ဒု-ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးခင်လှိုင်နှင့်တပ်မတော်အရာရှိကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here