ဒါရိုက်တာ ခင်စောမျိုးကွယ်လွန်
ဒါရိုက်တာခင်စောမျိုးဟာ ယနေ့ ဇွန်လ ၂၉ ရက်နေ့မနက် ၁၀ နာရီက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ဦးဌက်ပျောကြော် က
” အေဝမ်းဦးလှမျိုးရဲ့သားဖြစ်သလို ဦးဌက်နဲ့လည်းအရမ်း ရင်းနှီးတယ်။ သူနဲ့လည်း ဟာသရုပ်ရှင်ကားတွေများကြီးရိုက်ခဲ့ဖူးတယ်။အခုလို သူဆုံးသွားတဲ့သတင်းကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ် ” လို့ပြောပါတယ်။
“ကိုခင်စောမျိုးက သူ့အဖေအမွေကိုဆက်ခံနိုင်သူဖြစ်တယ်မင်းသိင်္ခဇာတ်ကောင်တွေကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့သူလည်းဖြစ်ပြီး
အရည်အချင်းရှိသူတွေအသက်တိုနေကြပြီ” လို့ ဆရာဦးမြတ်ခိုင် ကလည်းဝမ်းနည်းစကား ဆိုပါတယ်။