ထီးချိုင့်မြို့နယ်၊မြတောင်ကျေးရွာရှိ အ.ထ.က ကျောင်းတွင် အသံမိုင်းပေါက်ကွဲမှုဖြစ်

0
191

ထီးချိုင့်မြို့နယ်၊မြတောင်ကျေးရွာရှိ အ.ထ.က ကျောင်းတွင် အသံမိုင်းပေါက်ကွဲမှုဖြစ်

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊မြတောင်ကျေးရွာရှိ အ.ထ.က ကျောင်းတွင် ဇွန် ၂၇ ရက်နံနက်ပိုင်းက လက်လုပ်အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု နစက မှ ထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကျောင်း သား၊ကျောင်းသူ ၁၉၆ ဦးပညာသင်ကြားနေသည့် မြတောင်ကျေးရွာရှိ အ.ထ.ကကျောင်းရှေ့ခြံ စည်းရိုးအုတ်တံတိုင်းအနီးတွင် လက်လုပ်အသံမိုင်းပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦးများထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ထန်းသုံးပင်ကျေးရွာရှိ အ.ထ.ကကျောင်း၌ ဆရာ၊ဆ ရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းတက်ရောက်ခြင်းမပြုရန် ရေးသားထားသည့်ခြိမ်းခြောက်စာများအား ဇွန် ၂၇ ရက်နံနက် ၈ နာရီကျော်ခန့်က ကပ်ထားသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ကျောင်းဝင်းအတွင်း ငွေအာကာအဆောင်ရှိ ၁၀ တန်း A ခန်းနှင့် B ခန်းကြား ဆရာ၊ဆရာမများ နားနေဆောင်ရှေ့ကွန်ကရစ်လျှောက်လမ်းပေါ်တွင် အုတ်ခဲကျိုးအပိုင်းအစဖြင့် ရေးသားထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၈ ရက်နံနက် ၆ နာရီ ၅၀ မိနစ်တွင်လည်း တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ညင်းထွေးကျေးရွာနေ ညင်းထွေး အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်စိန် (၅၃)နှစ် ၏ နေအိမ်ရှေ့ခြံစည်းရိုးအနီးတွင် ပလတ်စတစ်အဖြူရောင်အိတ်ဖြင့် ထည့်ထားသည့် ခြိမ်း ခြောက်စာ ၁ စောင်နှင့် ၅ ဒသမ ၅၆ ကျည် ၁ တောင့်တို့အားတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here