ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားနေသဖြင့် မြို့ နယ် ၂ ခုအတွင်းရှိ ကျေးရွာများမှ လူဦးရေ တစ်သောင်းခွဲကျော်နေအိမ်များအားစွန့်ခွာတိမ်းရှောင်

0
125

ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားနေသဖြင့် မြို့ နယ် ၂ ခုအတွင်းရှိ ကျေးရွာများမှ လူဦးရေ တစ်သောင်းခွဲကျော်နေအိမ်များအားစွန့်ခွာတိမ်းရှောင်

KNU-ကရင်အမျိုးသားအစည်းအရုံး၊ညောင်လေး ပင်ခရိုင်အတွင်း၌ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU အဖွဲ့တို့ကြားတွင် ဇွန် ၂၇ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်ခဲ့ကြောင်း KNU-ဗဟိုမှထုတ်ပြန်ခဲ့သည်။

ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် လက်နက် ကြီးပစ်ခတ်မှုများလည်း ဖြစ်ပေါ်နေသဖြင့် ကျောက်ကြီးမြို့နယ်နှင့်မုန်းမြို့နယ်တို့ရှိ ကျေးရွာများအနီးသို့ လက်နက်ကြီးကျည်ကျရောက်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြို့နယ် ၂ ခုရှိ ကျေးရွာပေါင်း ၃၀ ခန့်တွင်နေသည့် ရွာသူ၊ရွာသား ၁၆၁၃၇ ဦးသည် နေ အိမ်များအားစွန့်ခွာ၍ ဘေးလွတ်ရာတောများအ တွင်းနှင့်မြို့ပေါ်များသို့ ရှောင်တိမ်းခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရွာသူ၊ရွာသား ၁၆၁၃၇ ဦးသည် မုန်းမြို့ နယ်ရှိ နောင်ကုန်း၊ရန်မျိုးအောင်၊ကျောက်ကြီးမြို့ နယ်ရှိ ကျွန်းကုန်း၊လယ်ဝိုင်းကြီး၊ညောင်ကုန်း၊ ညောင်တန်း၊နရွဲပင်၊ငဗြက်အင်း၊ကြို့ကုန်း၊အင်းနက်၊သဲကုန်း၊ဝဲလဗျင်း၊အောက်ချင်းကုန်း၊လှည်း လမ်းကုန်း၊စပ်လဲ၊မတောကုန်း၊ကျွဲချိုအင်း၊လော်မူသော၊လော်မူပယ်၊ရွာကန့်လန့်၊ထိုးဝါးစိုက်၊ပြည်တော်သာကျွန်းကြီး၊ရွှေသောင်၊ထိပ်ပေါက်၊ပတ္တ လား၊ကြိမ်တောမြောင်၊အုတ်မြေဒူး၊ထန်းပင်ကုန်း၊မမယမ်း(အထက်ပိုင်း)၊မမယမ်း(အောက်ပိုင်း) ကျေးရွာများ၌ နေထိုင်သူများဖြစ်ကြောင်း KNU-ဗဟိုမှ သိရသည်။

ကျောက်ကြီးမြို့၊မေတ္တာရပ်ကွက်အတွင်း ဇွန် ၂၈ ရက်နံနက် ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ဘယ်ဘက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here