ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆို

0
91

ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုအတွက်အပြစ်မရှိကြောင်း ယမန်နေ့ ဇွန် ၂၈ရက် ရုံးချိန်းတွင် ထွက်ဆိုလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအမှုမှာ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းနှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ် ၃/၂၀၂၁အမှုဖြစ်ပြီး၊ အဆိုပါအမှုအတွက် နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးသန့်တရားရုံးတွင်စစ်ဆေးကြားနာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အမှုတွင်ဒေါ်အောင်ဆန်းစုကြည်၊ဒေါက်တာမျိုးအောင်နှင့်ဦးမင်းသူတို့ သုံးဦးအပေါ်တစ်ပေါင်းတည်းစွဲဆိုထားသော အမှုဖြစ်သည်။

ထို့နောက်စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ လာဘ်စားသည်ဟုဆိုကာ စွဲဆိုထားသော အဂတိအမှုနှစ်မှုကိုလည်း ထပ်မံစစ်ဆေး ကြားနာခဲ့ကြောင်းသိရသည်။

အဆိုပါအမှုများအားလုံးကို စစ်ဆေးမှုမပြီးပြတ်သေးသဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုထားသည်။

ယမန်နေ့က စစ်ဆေးခဲ့သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့်အမှုသည် နေပြည်တော် လရောင်တောစီမံကိန်းတွင် စိုက်ပျိုးသက်မွေးကြောင်းပညာသင်တန်းကျောင်းအတွက် စည်ပင်သာယာရေးကော်မတီမှ မြေ ၁၀၁ ဒသမ ၃၃ဧကကို ချထားပေးသည့်ကိစ္စအတွက် အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှုတစ်ခုဖြစ်သည်။

Photo – Wikiquote


LEAVE A REPLY

Please enter your comment!
Please enter your name here