တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

0
174

တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

 

ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီ တံ တားအနီးတွင် ဇွန်လ (၂၉) ရက် ညပိုင်းက ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဖြစ်သူ သေဆုံးသွားကြောင်း သိရှိရသည်။

ဇွန်လ (၂၉) ရက် ည (၈) နာရီခွဲဝန်းကျင်က တောင်ဒဂုံမြို့ နယ် လျှပ်စစ် မန်နေဂျာ ဦးဝင်းမြင့်ဇော်သည် ကလူဂါ အနက်ရောင် ယာဉ် ဖြင့် (၄၆) လမ်းဆုံဘက်မှ ပင်လုံလမ်းအတိုင်း ဘေလီတံတားဘက်သို့ မောင်းနှင် လာစဉ် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ယင်း ပစ်ခတ်မှုကြောင့် ဦးဝင်းမြင့်ဇော်တွင် မေးစေ့ယာဘက် (၁) ချက်၊ ဝဲပါး ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဝဲနံ ဘေး ဖောက် ဝင်ဒဏ်ရာ (၂) ချက်၊ ယာနံဘေးဖောက်ထွက်ဒဏ်ရာ (၂) ချက်၊ ကျောဖောက်ဝင်ဒဏ်ရာ (၁)ချက် စုစုပေါင်း ဒဏ်ရာ (၆) ချက်ဖြင့် နေရာတွင်ပင် သေ ဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသူသည် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တောင်ဒဂုံမြို့နယ် လျှပ်စစ်ရုံးမှ နေအိမ်သို့ အပြန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here