ဇွန်လအတွင်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၄၃၈ ဦးအားပြန်ပို့ပေးနိုင်ခဲ့

0
215

ဇွန်လအတွင်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၄၃၈ ဦးအားပြန်ပို့ပေးနိုင်ခဲ့

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ သံအရာရှိနှင့်တာဝန်ရှိသူများသည် မလေးရှားနိုင် ငံအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများအား မြန်မာနိုင်ငံသို့ကူညီပြန်လည်ပို့ ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပြန်လည်ပို့ဆောင်ပေးရာ ဇွန်လအတွင်း၌ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန် မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားမှန် ကန်သူ ၄၃၈ ဦးအား မြန်မာနိုင်ငံသို့ပြန်လည်ကူညီပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံရှိ Langkap , Bukitjali , Jura , Melaka , Belantlk ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။

ပြန်လည်ပို့ဆောင်ပေးရာတွင် ဇွန် ၁ ရက်နေ့တွင် ၃၁ ဦး၊ ၉ ရက်နေ့တွင် ၂၁၅ ဦး၊ ၁၅ ရက်နေ့တွင် ၃၃ ဦး၊ ၁၆ ရက်နေ့တွင် ၅၅ ဦး၊ ၂၂ ရက်နေ့တွင် ၂၉ ဦးနှင့် ၂၉ ရက်နေ့တွင် ၇၅ ဦး(စုစုပေါင်း ၄၃၈ ဦး)တို့အား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)၏ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here