ရှို့‌မီးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် စက်ရုံဝန်ထမ်း ၁၀၀၀၀ ကျော်အား လူမှုဖူလုံရေးငွေ ကျပ်သန်း ၈၀၀ ကျော်ထောက်ပံ့

0
159

ရှို့‌မီးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် စက်ရုံဝန်ထမ်း ၁၀၀၀၀ ကျော်အား လူမှုဖူလုံရေးငွေ ကျပ်သန်း ၈၀၀ ကျော်ထောက်ပံ့

၂၀၂၂ ခုနှစ်အထိ ရှို့မီးကြောင့် မီးလောင် ဆုံးရှုံးခဲ့သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ် သမားများကို ‌ငွေကျပ် ၈၃၄ သန်းကျော် ထောက် ပံ့ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်၊ မတ် (၁၄) ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် (၂) ရက်အထိ စက်ရုံအလုပ်ရုံ(၂၅) မီးလောင်ဆုံးရှုံးခဲ့ပြီး အလုပ် သမား (၁၄,၆၀၃) ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း အ လုပ်သမား ဝန်ကြီးဌာန လူမှုဖူလုံရေး ဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါ အလုပ်လက်မဲ့ ဝန်ထမ်းများအတွက် လုပ်ခလစာ၏ (၄၀) ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက် ပံ့ ငွေအဖြစ် ကျပ်သန်း (၈၃၄ ဒသမ ၉၄၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ 1st Wave ကာလအတွင်း ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၀၁၈) ဌာနမှ အလုပ်သမား (၈၅၇,၇၆၈) ဦးတို့အတွက် ငွေကျပ်သန်း (၂၁,၆၂၇ ဒသမ ၆၃၉)၊ 2nd Wave ကာလအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၅၉၆) ဌာနမှ အလုပ်သမား (၇၇၈,၈၉၄) ဦးတို့အတွက် ငွေကျပ်သန်း (၄၉,၃၉၂ ဒသမ ၈၅၅) ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိ‌နေသေးသည့် အလုပ်ဌာနများမှ သမားများကိုလည်း ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

လူမှုဖူလုံရေး စီမံကိန်းကို မြို့နယ်ပေါင်း (၁၁၆)မြို့နယ်ရှိ အာမခံ အလုပ်သမားပေါင်း (၁ ဒသမ ၁၃) သန်းတို့အ တွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး‌နေပြီး ရုံးခွဲပေါင်း (၇၈) ရုံး၊ လုပ်သမားဆေးရုံကြီး (၃)ရုံ၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ တိုင်းရင်းဆေး ခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၅၇) ခန်းတို့ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်းပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သည့် PPS စနစ်အရ (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၁၂) ခန်းနှင့် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၂၄) ခန်းရှိ‌‌ ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here