တောင်ပေါ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုး တက်ရေး ဆောင်ရွက်သွားမည်ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌပြော

0
218

တောင်ပေါ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုး တက်ရေး ဆောင်ရွက်သွားမည်ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌပြော

နေပြည်တော်ကောင်စီနယ်မြေ ၊ပျဉ်းမနားမြို့နယ်အတွင်း ရှိ‌ သောတောင်ပေါ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြောသည်။

ဇွန်လ (၂၉) ရက် နံနက်ပိုင်းက ပြုလုပ်သည့် နေပြည် တော်၊ ပျဉ်းမနားမြိုနယ် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင် နေကြသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ ဆုံပွဲတွင် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တောင်ပေါ်ဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ဆရာ/ဆရာမတွေရဲ့ အခက်အခဲများကို နားလည်ကိုယ်ချင်းစာပါတယ်။ နေပြည်တော်ကောင်စီအနေနဲ့ တောင် ပေါ်ဒေသရဲ့ အခက်အခဲကို တတ်စွမ်းသမျှ ဖြည့် ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပြီး တောင်ပေါ်ဒေသ တည် ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မောင်မောင်နိုင်က ပြောသည်။

ဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့ တာဝန်ကျရာ တောင်ပေါ်ဒေသရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြား ပေးရုံသာမက ယဉ်ကျေးလိမ္မာသောစံပြကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ပေးလိုကြောင်းလည်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဆရာ/ဆရာမများက ၎င်းတို့ ကြုံ တွေ့နေရသည့် အခက်အခဲများဖြစ်သည့် လုံခြုံရေးဆိုင် ရာကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ် စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေတို၊ ရေရှည်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား စိစစ်ပြီး အကောင်အထည်ဖေါ် ဆောင် ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြိုနယ် တောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု (၇) အုပ်စုရှိပြီး အခြေခံပညာကျောင်း (၄၉) ကျောင်း၊ ကျောင်းသား/ကျောင်းသူ(၂၃၀၁)ဦးနှင့် ဆရာ/ဆရာဦး ရေ(၂၄၀) ဦး ပညာသင်ကြားနေကြကြောင်း မြိုနယ်ပညာရေးမှူးရုံးထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here