ဘားအံအကျဥ်းထောင်မိသားစုဝင်များနှင့်အကျဥ်းသား/သူ၊အချုပ်သား/သူ ၄၄၆ ဦးအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးနှံပေး

0
183

ဘားအံအကျဥ်းထောင်မိသားစုဝင်များနှင့်အကျဥ်းသား/သူ၊အချုပ်သား/သူ ၄၄၆ ဦးအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးနှံပေး

ကရင်ပြည်နယ်၊ဘားအံမြို့၊အကျဥ်းဦးစီးဌာန၊ဘားအံအကျဥ်းထောင်ရှိ အကျဥ်ထောင်ဝန်ထမ်းမိသားစုဝင်များ၊အကျဥ်းသား/သူ၊အချုပ်သား/သူ ၄၄၆ ဦးအား ဇွန် ၂၉ ရက်နံနက်ပိုင်းက ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်ကျန်းမာရေးဦးစီးဌာန၊လက် ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မိုးအေးနှင့်ကျန်းမာရေးဝန်ထမ်းများက ဘားအံအကျဉ်း ထောင်တွင်း၌ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထိုးနှံပေးရာတွင် အကျဥ်းထောင်ဝန်ထမ်းမိသားစုဝင် ၇ ဦးအား ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေး ပထမအကြိမ်အဖြစ် COVID Shield ကာ ကွယ်ဆေး၊မိသားစုဝင် ၃၇ ဦးအား Booster Does အဖြစ် Covaxin နှင့် COVID Shield ကာကွယ် ဆေးတို့အားထိုးနှံပေးခဲ့ကြသည်။

အလားတူ အကျဉ်းသား ၁၁ ဦး၊အကျဉ်းသူ ၅ ဦး၊အချုပ်သား ၂၆ ဦး၊အချုပ်သူ ၅ ဦး(စုစုပေါင်း ၄၇ ဦး)အား COVID Shield ကာကွယ်ဆေး၊ဒုတိယအ ကြိမ်အဖြစ် အကျဉ်းသား ၈၁ ဦး၊အကျဉ်းသူ ၃၃ ဦး၊အချုပ်သား ၁၂ ဦး၊အချုပ်သူ ၇ ဦး(စုစုပေါင်း ၁၃၃ ဦး)အား Covaxin ကာကွယ်ဆေး၊တတိယအ ကြိမ်အဖြစ် အကျဉ်းသား ၂၂၂ ဦးတို့အား Covaxin နှင့် COVID Shield ကာကွယ်ဆေးတို့အား ထိုးနှံပေးခဲ့ကြသည်။

အလားတူ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးဆက် လက်ထိုးနှံရန်ကျန်ရှိသည့် အကျဥ်းသား/သူများ၊အချုပ်သား/သူများကိုလည်း ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here