အာဆီယံယူ-၁၉ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိ

0
78

အာဆီယံယူ-၁၉ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိ

အာဆီယံအမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ် ဂျကာတာမြို့၌ ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် ဇွန် ၂၉ ရက်ညပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ပြိုင် ပွဲကျင်းပမည့် ဂျကာတာမြို့သို့ ထွက်ခွာရောက်ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်း၌ ဟိန်းထက်စိုး၊ထက်အာကာဝင်း၊စိုင်းစွမ်တွန်းခေး၊လင်းလင်းထွန်း၊လန်းဆန်းအောင်၊ထွန်းထွန်းသိန်း၊မျိုးမင်းဟိန်း၊ကျော်ဝဏ္ဏ၊ခန့်ဇင်ဟိန်း၊ခွန်အောင်စိုး၊ဟိန်းဇော်နိုင်၊ချစ်အေး၊သာယာဝင်းထက်၊လ မင်းထွေး၊မိုးဆွေ၊ရဲကောင်းဆက်၊ဇော်ဝင်းသိန်း၊ဥက္ကာနိုင်၊အာကာကျော်၊သူရအောင်၊ဖြိုးသန့်ကိုကို ၊စိုးမြတ်မင်း၊ရဲရင့်ဖြိုး၊စွမ်းထက်၊ထက်မြတ်လွင်နှင့်သိန်းဇော်သီဟ စသည့်လက်ရွေးစင်ကစားသ မား ၂၆ ဦးပါဝင်ကြောင်း သိရသည်။

အလားတူ အသင်းအုပ်ချုပ်သူအပါအဝင် နည်းပြဦးစိုးမြတ်မင်းဦးဆောင်သည့် နည်းပြအဖွဲ့ဝင် ၈ ဦးလည်းလိုက်ပါသွားခဲ့ပြီး မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် အုပ်စု(က)၌ ဘရူနိုင်း၊ထိုင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်၊အင်ဒိုနီးရှားနိုင်ငံတို့နှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် ဇူလိုင် ၂ ရက်နေ့တွင် ဘရူနိုင်း၊ ၄ ရက်နေ့တွင် ထိုင်း၊ ၆ ရက်နေ့တွင် ဖိလစ်ပိုင်၊ ၈ ရက်နေ့တွင် ဗီယက်နမ်၊ ၁၀ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here