နျူကလီးယားလက်နက်မပြန့်ပွားရေး ဆွေးနွေးရန် ရုရှားက တံခါးဖွင့်ထားကြောင်း ပူတင် ပြောကြား

0
152

နျူကလီးယားလက်နက်မပြန့်ပွားရေး ဆွေးနွေးရန် ရုရှားက တံခါးဖွင့်ထားကြောင်း ပူတင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၃၀ ရက် ကြာသပတေးနေ့၌ ၎င်း၏မွေးရပ်မြေ စိန့်ပီတာစ်ဘတ်မှာ ပြုလုပ်သော ဥပဒေရေးရာ ဆွေးနွေးပွဲတွင် ရုရှားသည် မဟာဗျူဟာမြောက် တည်ငြိမ်မှု ရှိစေရေး၊ အဖျက်စွမ်းအားကြီး လက်နက်များ မပြန့်ပွားရေး အတွက် ချမှတ်ထားသည့် စနစ်များအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လက်နက်ထိန်းချုပ် အခြေအနေများ ပိုမိုတိုးတက်လာစေရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

မော်စကိုနှင့် ဝါရှင်တန်တို့သည် နျူကလီးယားလက်နက်ကိစ္စနှင့် ပတ်သက်၍ အဆက်အသွယ်မပျက် ဆွေးနွေးပြောဆိုရန် အရေးကြီးကြောင်း အလေးပေးပြောကြားထားသည်။

၄င်းတို့ ၂နိုင်ငံသည် ယခုလက်ရှိ နျူကလီးယားအင်အား အကောင်းဆုံးနိုင်ငံများဖြစ်ကြပြီး ခန့်မှန်းခြေ နှစ်နိုင်ငံပေါင်း နျူကလီးယားထိပ်ဖူး တစ်သောင်းတစ်ထောင် ရှိကြောင်း သိရသည်။

ဒွန်ဘတ်စ်တွင် ဖြစ်ပွားနေသည့်အခြေအနေများ ထပ်တလဲလဲ မဖြစ်ပွားစေရန် တားဆီးသွားမည်ဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ ပူတင်က အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှလူမျိုးစုများနှင့် ရုရှားစကားပြောသူများကို ကိယက်ဗ်၏ ဖိစီးနှိပ်စက်မှုမှ ကာကွယ်ရန်အတွက် မော်စကိုသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် ယူကရိန်းကိုလည်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုလည်း စွပ်စွဲခဲ့ကြောင်း သိရသည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here