လှိုင်သာယာရှိ မြန်မာ့စီးပွားရေးဘဏ်အား မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းသူကို ဖမ်းဆီးရမိ

0
129

လှိုင်သာယာရှိ မြန်မာ့စီးပွားရေးဘဏ်အား မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းသူကို ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာ့စီး ပွားရေးဘဏ်အား မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 ဇွန်လ (၂၉) ရက်နံနက် (၁၁)နာရီဝန်းကျင်တွင် လှိုင်သာ ယာ (အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်အား လူငယ် တစ်ဦးမှ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စင်္ကြန်လမ်း၌ ပေါက် ကွဲသံကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှိုင်သာယာမြို့နယ် ၊ အမှတ်(၂)ရပ်ကွက် ၊ဗထူး (၂) လမ်းရှိ အဆောင်တွင် နေထိုင်သည့် ထက်ကိုအောင် (ခ) ကိုအောင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဘဏ်အ ဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ထက်ကိုအောင်(ခ) ကိုအောင်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here