ရုရှား _ယူကရိန်း ပဋိပက္ခ မပြီးဆုံးမှီ ကမ္ဘာလူဦးရေ သန်းသုံးရာ​ကျော်ခံစားရမည့် ဒုက္ခများ

0
109

ရုရှား _ယူကရိန်း ပဋိပက္ခ မပြီးဆုံးမှီ ကမ္ဘာလူဦးရေ သန်းသုံးရာ​ကျော်ခံစားရမည့် ဒုက္ခများ

” စစ်ပြီးခေတ်ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး အလားအလာအ​နေဖြင့် ဥရောပတွင်အကြီးဆုံးစီးပွားရေး ပရောဂျက်ကိုအကောင်အထည်ဖော်ရန် အင်ဒိုနီးရှားကုမ္ပဏီများနှင့်ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပါသည်” ဟု ဇလန်းစကီးက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဗုဒ္ဓဟူး​နေ့ကပြောကြားခဲ့သည်။

ရုရှနှင့်ယူကရိန်းသည် ကမ္ဘာ့ဈေးကွက်သို့ ဂျုံစပါးကို ထိပ်တန်းရောင်းချသူများဖြစ်ပြီး ရုရှားနိုင်ငံသည်လည်း ဓာတ်မြေသြဇာများကို ထိပ်တန်းတင်ပို့သည့်နိုင်ငံဖြစ်သည်။ ယူကရိန်းကို ရုရှားထိုးစစ်ဆင်မှုကြောင့် ဂျုံနှင့်ဓာတ်မြေသြဇာများထောက်ပံ့မှုဖြတ်တောက်လိုက်ခြင်းမှဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းရန်လည်း အားလုံးကကြိုးပမ်းလျက်ရှိသည်။

တနင်္လာနေ့က G-7 ဆွေးနွေးပွဲတွင် ယူကရိန်း၏ဂျုံတင်ပို့မှု ပြန်လည်စတင်ရာတွင် ကူညီရန်နှင့်ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် အစားအစာနှင့်ဓာတ်မြေသြဇာများမပါဝင်ကြောင်းရှင်းလင်းစွာ​ပြောကြား​ပေးဖို့ အင်ဒိုသမ္မတကတောင်းဆိုခဲ့သည်။

ယခုနှစ်တွင်လူပေါင်း ၃၂၃ သန်းသည် ယူကရိန်းပဋိပက္ခကြောင့် စားနပ်ရိက္ခာမလုံလောက်မှုကို ဆိုးရွားစွာကြုံတွေ့ရနိုင်သည်ဟုသမ္မတဂျိုကိုဝီက ပြောကြားခဲ့သည်။

“G-7 နှင့် G-20 တို့သည် ဤစားနပ်ရိက္ခာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ပို၍တာဝန်ရှိသည်” ဟုဂျိုကိုဝီကပြောကြားခဲ့သည်။အထူးသဖြင့် ဓာတ်မြေသြဇာများအတွက် ထောက်ပံ့မှုပြတ်တောက်ခြင်းကို မကိုင်တွယ်နိုင်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူပေါင်း ၂ ဘီလီယံသည် ဆန်အကျပ်အတည်းကြောင့် ထိခိုက်နိုင်သည်” ဟုလည်းဆိုခဲ့သည်။

” G-20 ဥက္ကဌ နှင့်အဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှုသည် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးအတွက် အလွန်အရေးကြီးသည်” ဟုလည်းယူကရိန်းသမ္မတရုံး၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here