အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အ ကူအညီများပေးအပ်ရာတွင် အမှန်တကယ်လို အပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာပေး အပ်သွားနိုင်ရန် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နှင့်လက်ရှိအာဆီယံဥက္ကဋ္ဌတို့နှင့် ပူး ပေါင်းဆောင်ရွက်သွားမည်

0
70

အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အ ကူအညီများပေးအပ်ရာတွင် အမှန်တကယ်လို အပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာပေး အပ်သွားနိုင်ရန် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နှင့်လက်ရှိအာဆီယံဥက္ကဋ္ဌတို့နှင့် ပူး ပေါင်းဆောင်ရွက်သွားမည်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်ကမ္ဘောဒီး ယားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မစ္စတာပရပ်ဆုတ်ခွန်းတို့ ဇွန် ၃၀ ရက်ညနေ ၅ နာရီ ၂၀ မိနစ်ကနေပြည်တော်၌တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်း စဉ်အကောင်အထည်ဖော်ပြီးမြောက်မှုနှင့်ဖြစ်ပေါ်တိုးတက်မှုများ၊ဒုတိယအဆင့် အကောင်အထည် ဖော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့်အာဆီယံ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ကာ ကွယ်ဆေးစီမံခန့်ခွဲမှု မူဘောင် အကောင်အထည် ဖော်ခြင်းကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ
အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အ ကူအညီများပေးအပ်ရာတွင် အမှန်တကယ်လို အပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာပေး အပ်သွားနိုင်ရန် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နှင့်လက်ရှိအာဆီယံဥက္ကဋ္ဌတို့နှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးကို ကိုလှိုင်နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးနှင့်မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒု-ဥက္ကဋ္ဌဒေါက်တာသက်ခိုင်ဝင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒု-ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက် သက်ခိုင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အ ဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here