ဇွန်လအတွက် ဂျပန် နှင့်တောင်ကိုးရီးယား စီးပွားရေး သုံးသပ်ချက်
ဇွန်လတွင် ဂျပန်နိုင်ငံ၏ စက်ရုံလည်ပတ်မှုများ နှေးကွေးသွားရခြင်းမှာ ကုန်သွယ်ဖက်တရုတ်နိုင်ငံ၏ တင်းကျပ်သောကိုဗစ် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ဂျပန်ထုတ်လုပ်သူများ အထိနာကာ စီးပွားရေးအားပျော့လာစေသည်။
စရိတ်စကများ မြင့်တက်လာခြင်း၊ ပစ္စည်းပြတ်လပ်မှုများကြောင့် ထုတ်လုပ်မှုအဆင့်များ နှေးကွေးလာကာ အမှာစာအသစ်များလည်းသိပ်မရတော့ ဟုဂျပန် စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
“နောက်ဆုံးစစ်တမ်းကာလတွင် ထုတ်လုပ်မှုနှင့် ဝယ်လိုအားကို ကျဆင်းစေသည့် အချက်များမှာ ငွေကြေးဖောင်းပွမှု၊ကုန် ပစ္စည်းပြတ်လပ်မှုနှင့် ပို့ဆောင်မှုနှောင့်နှေးမှုများကြောင့်ဖြစ်သည်ဟုသိရသည်။ .
တောင်ကိုးရီးယားနိုင်ငံတွင်လည်းဇွန်လအတွင်း ပို့ကုန်သည် ၁၉ လအတွင်း အနှေးကွေးဆုံးဖြစ်ပြီး ကုန်သွယ်မှုကွာဟချက်များလာနေသည်။
ငွေကြေးဖောင်းပွမှု ကြီးလာခြင်း၊ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာကြောင့် ကမ္ဘာ့ဝယ်လိုအားကျလာကာ ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေး နှစ်ခုလုံးအတွက် စိုးရိမ်စရာများ ဖြစ်ပေါ်နေစေသည်။
အာရှ၏စတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံအဆင့်တွင်ရပ်တည်နေသော တောင်ကိုးရီးယားသည် ချစ်ပ်ပြားများမှသည် ကားများအထိထုတ်လုပ်ပြီး ဂျပန်၏ GDP ထက်သာသော အနေထားတွင်ရှိခဲ့သည်။
ကိုရီးယားအနေဖြင့်တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ်ကထက် ၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်သို့ တင်ပို့မှုမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။
Ref: cna