ဇန်နဝါရီမှ မတ်လအထိ ကဏ္ဍ (၆) ခုအတွက် ကျပ် ၅၆. ၄၂၄ ဘီလီယံ အခွန်ကင်းလွတ်ခွင့်ပြုခဲ့

0
136

ဇန်နဝါရီမှ မတ်လအထိ ကဏ္ဍ (၆) ခုအတွက် ကျပ် ၅၆. ၄၂၄ ဘီလီယံ အခွန်ကင်းလွတ်ခွင့်ပြုခဲ့

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အခွန်ပမာဏ စုစု ပေါင်း ကျပ် (၅၆.၄၂၄) ဘီလီယံ အခွန်ကင်းလွတ်ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ကင်းလွတ်ခွင့်ပြုသည့် ကဏ္ဍများမှာ MIC မှ ခွင့်ပြုထားသည့် ကုမ္ပဏီများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ NGO, INGO အဖွဲ့များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများသို့ သက်သေခံ လက်မှတ်ထုတ်‌ေပးသည့်တန်ဖိုးနှင့် အထူးစီးပွားရေးဇုန် (သီလဝါ)သို့ ကင်းလွတ်ခွင့် ပြုခြင်း စသည့် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကဏ္ဍများတွင် MIC မှ ခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်ပြုသည့် ပမာဏမှာ ကုန်ပ စ္စည်းတန်ဖိုး ကျပ်ငွေ ၁၂၅.၃၁၄ ဘီလီယံအတွက် ကုန် သွယ်ခွန် ၆.၄၉၆ ဘီလီနှင့် အကောက်ခွန် ၄.၄၀၉ ဘီလီယံနှင့် စုစုပေါင်း ကျပ်ငွေ ၁၀.၉၀၅ ဘီလီယံ ကင်းလွတ် ခွင့် ပြုခဲ့ကောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များသို့ ကင်းလွတ်ခွင့်ပြုသည့် ပမာဏမှာ ကုန်ပစ္စည်းတန်ဖိုး ၂၁၀.၀၉၈ ဘီလီယံအတွက် ကုန် သွယ်ခွန် ၀.၄၃၃ ဘီလီယံနှင့် အကောက်ခွန်အတွက် ၁ .၄၀၁ ဘီလီယံ စုစုပေါင်း ၁.၈၃၄ ဘီလီယံ ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

NGO နှင့် INGO အဖွဲ့အစည်းများအတွက် ကုန်ပစ္စည်းတန် ဖိုး ၁၃.၅၈၄ ဘီလီယံအတွက် ကုန်သွယ်ခွန် ၀.၀၃၇ ဘီလီယံ ၊ အကောက်ခွန် ၀.၄၇၈ ဘီလီယံ စုစုပေါင်း ၀.၅၁၅ ဘီလီယံခန့် ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း အကောက်ခွန်ဌာမှ သိရသည်။

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးဌာနများသို့ သက်သေခံလက်မှတ် ထုတ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပြုခဲ့သည့် ပ မာဏမှာ ၂၇.၄၆၈ ဘီလီယံ ရှိပြီး သီလဝါ အထူးစီးပွား ရေးဇုန်မှ ကုန်ပစ္စည်းတန်ဖိုး ၁၃၆.၅၁၇ ဘီလီယံအတွက် အခွန်ကင်းလွတ်ခွင့် ပြုသည့် ပမာဏမှာ ကုန်သွယ်အနေ ဖြင့် ၈.၈၇၈ ဘီလီယံ နှင့် အကောက်ခွန်အနေဖြင့် ၆.၈၂၄ ဘီလီယံ ဖြင့် စုစုပေါင်း ၁၅.၇၀၂ ဘီလီယံ ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး ဦးတည် ချက် (၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့်နှင့် အ ခွန်လျှော့ပေါ့ခွင့်တို့ကို စိစစ်ဆောင်ရွက် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here