PDF များကို ဒေါ်အောင်ဆန်းကြည်အနေဖြင့် ဖျောင်းဖျသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

0
213

PDF များကို ဒေါ်အောင်ဆန်းကြည်အနေဖြင့် ဖျောင်းဖျသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

အချင်းချင်း သွေးမြေကျမည့် လုပ်ရပ်များ မရှိသင့်တော့သည့်အတွက် PDF များကို ဒေါင်အောင်ဆန်းစုကြည်အ နေဖြင့်ဖျောင်း ပြပြောဆိုသင့် ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

နစက မှ PDF များကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်နေခြင်းအပေါ် ၎င်း၏ သဘော ထားအမြင်ကို မေးမြန်းစဉ် ပေါ်ပြူလာနယူးစ်သို့ ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဖက်က PDF တွေကို ဖျောင်းဖျ တောင်းဆိုပေးဖို့လိုမယ်။ အချင်းချင်း သွေး မြေကျတာတွေက မလိုအပ်တော့ဘူး” ဟု ဒေါက်တာအေးမောင်က ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူပြီး နောက် ပိုင်း အတိုက်အခံ အင်အားစုများ၏ ဦးဆောင်မှုဖြင့် မြန် မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် လူငယ်ရွယ်ပေါင်းများစွာက လက်နက်ကိုင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယား ပြည် နယ်၊ ကရင်ပြည်နယ်တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြန်မာ့တပ်မတော်နှင့် PDF များအ ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုများ အများအပြားရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ထိတွေ့မှုများ ပြင်းထန်နေချိန်တွင် နစက ဖက်မှ ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်းမှ စတင်ကာ PDF များ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ကြောင်း ကြေညာခဲ့ပြီး လက်ရှိတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများလည်း ရှိနေသည်။

လက်ရှိတွင် ဒေသအသီးသီး၌ PDF သင်တန်းတက်မှ ဥပ ဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ရာနှင့်ချီရှိနေပြီ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here