ရန်ကုန်မြို့၌ ဖြစ်ပွားသည့် ပေါက်ခွဲမှုများတွင် ပါဝင်ပတ် သက်သူ TNLA မှ သင်တန်းဆင်း (၁၀)ဦး ဖမ်းဆီးခံရ

0
302

ရန်ကုန်မြို့၌ ဖြစ်ပွားသည့် ပေါက်ခွဲမှုများတွင် ပါဝင်ပတ် သက်သူ TNLA မှ သင်တန်းဆင်း (၁၀)ဦး ဖမ်းဆီးခံရ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပါဝင်ပတ်သက်နေသည့် TKF အဖွဲ့ဝင် လူငယ် (၁၀) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အဆိုပါ လူငယ်များသည် TNLA ထံတွင် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့၌ ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများ၏ သတင်းပေးမှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၄) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ပန်းခြံ၌ TKF အဖွဲ့ဝင် ကောင်းသီဟနိုင် (ခ)ဇင်ယော်၊ ငြိမ်းစုရည်ဖြိုး(ခ)ဝေယံ၊ မိုးပွင့်ဖြူ(ခ)လရောင်နှင့် ဝါဝါဦး(ခ) ပန်ပန်တို့ကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ၊ ရွာမအရှေ့ရပ်ကွက်၊ ဒေါနလမ်းသွယ်(၁)ရှိ အိမ်အမှတ် (၅) ၌ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်၊ အောင်မင်းခန့်(ခ) သခွားသီးနှင့် ထက်နန္ဒသိမ့် (ခ)နန္ဒ တို့အား လက်လုပ် Remote မိုင်း ၁ လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ (၁၆) ရက်တွင် သန့်ဇင်အောင်(ခ)TK Boss နှင့် အီးဝမ်းတို့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝတီလမ်းပေါ်ရှိ ပွိုင့်ထိပ်မှတ်တိုင်အနီးတွင် မိုင်းထောင်ဖောက်ခွဲရန် လုပ်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အနီးရှိ ယာဉ်ပေါ်သို့တက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယာဉ်ဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ပစ် ခတ်ဖမ်းဆီးခဲ့ရာ သန့်ဇင်အောင် (ခ)TK Boss အား လက် လုပ်မိုင်း (၁) လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး အီးဝမ်းအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် သန့်ဇင်အောင်(ခ)TK Boss ၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ တိုက်အမှတ်(၃၈၁)၊ အခန်းအမှတ်(A-5)သို့ သွားရောက်ရှာဖွေခဲ့ရာ Yangon Union Young Organization-YUYO အဖွဲ့မှ လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ)ချစ်မင်းလှိုင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု နစက၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင်သည် ၂ဝ၂၂ ခုနှစ်၊ မေလ ၁၇ ရက်တွင် ချစ်ကိုကို (ခ) ချစ်မင်းလှိုင်သည် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ရစဖမှူး ဦးလှမိုးအား လုပ်ကြံသတ်ဖြတ်ခဲ့သူကြောင်း သိရသည်။

ထို့အပြင် အဆိုပါ အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလ (၁) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တရားရုံးရှေ့နှင့် ယမုံနာဈေး၊ မတ်လ (၃၁) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ ဟံသာဝတီမီးရထားဘူတာရှေ့ရှိ ဟံသာဝတီဂတ်စ်ဆိုင်အနီးနှင့် ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းဝန်းအတွင်း၌ မိုင်းဖောက်ခွဲမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ (၁၃) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်းရှိ ပြည်သူတစ်ဦး၏ နေအိမ်ရှေ့နှင့် ဇွန်လ (၁၆) ရက်တွင် သန့်ဇင်အောင်(ခ)TK Boss သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဧရာဝတီလမ်းရှိ ရဲကင်းကိုလည်းကောင်း လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ဖောက် ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခု ဖမ်းဆီးရမိမှုတွင် ကျား (၆) ဦး၊ မ (၄) ဦး၊ ပေါင်း (၁၀) ဦးတို့အား လက်လုပ် Remote မိုင်း (၂) လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင်ထားသည့် Remote မိုင်း (၁) လုံး၊ Keypad ဖုန်း (၁) လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ (၁) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here