တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
160

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းကျေးရွာတံတားတွင် ဇွန် ၂၇ ရက်ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ည ၁၀ နာရီက လွယ်တော်ခန်းကျေးရွာတံတားတွင် ပါကွေ့ကျေးရွာဘက်မှလွယ်တော်ခမ်းကျေးရွာဘက်သို့ အားကျို့ မောင်းလာသည့် ဆိုင်ကယ်အားသတင်းအရရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၂၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ည ၁၂ နာရီတွင် စန်းလုကျေးရွာ၊ရာဘာခြံရှိ အားဆော် ၏နေအိမ်အားသွားရောက်စစ်ဆေးခဲ့ရာ အားဆော် မှာတိမ်းရှောင်သွားပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၄ ဒသမ ၉၆ သိန်းပြား၊ဘိန်း ဖြူ(၀ ဒသမ ၆၈ ကီလို)၊ ICE အိုက်စ်(၀ ဒသမ ၉ ကီလို)နှင့်ကက်တမင်း(၀ ဒသမ ၇ ကီလို)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိသည့် စိတ်ကြွ ဆေးပြား ၁၄ ဒသမ ၉၈ သိန်းပြား၊ဘိန်းဖြူ(၀ ဒသမ ၆၈ ကီလို)၊ ICE အိုက်စ်(၀ ဒသမ ၉ ကီလို) နှင့်ကက်တမင်း(၀ ဒသမ ၇ ကီလို)တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ထွက်ပြေးတိမ်းရှောင်နေသည့် အားဆော်နှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here