မြန်မာအိမ်အကူအမျိုးသမီးအားသေဆုံးသည်အထိညှဉ်းပမ်းခဲ့သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီး၏အယူခံ ပယ်ချခံရ

0
218

မြန်မာအိမ်အကူအမျိုးသမီးအားသေဆုံးသည်အထိညှဉ်းပမ်းခဲ့သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီး၏အယူခံ ပယ်ချခံရ

စင်္ကာပူ၊ဇွန် ၂၉

မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်မှုဖြင့် ယမန်နှစ်ကထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံခဲ့ရသော စင်္ကာပူအိမ်ရှင်အမျိုးသမီးသည် ဇွန် ၂၉ ရက်က အယူခံဝင်ရာ အယူခံကို တရားရုံးကပယ်ချခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဂိုင်ယာသီရိမူရူဂါယန်သည် သူမပြစ်ဒဏ်ကို လျော့ချနိုင်ရန်အ အိမ်အကူအမျိုးသမီးအား ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့ပြီးစိတ်ကျန်းမာရေးအခြေအနေ အကြောင်းပြချက်ဖြင့်ယခုကဲ့သို့ အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

တရားရုံးချုပ်တရားသူကြီး See Kee Oon ကချမှတ်သည့်ပြစ်ဒဏ်ကို ဆက်လက်ကျခံ စေရန် သူမ၏အယူခံကိုအယူခံဗဟိုတရားရုံး တရားသူကြီးသုံးဦးကပယ်ချခဲ့သည်။သူမ၏ ကြီးလေးသောပြစ်မှုကြောင့် အများပြည်သူ၏ စိတ်ဝင်စားမှုများသဖြင့် အယူခံဝင်ပါကလည်း သူမကျူးလွန်ခဲ့သောရာဇ၀တ်မှုများ‌ကြောင့် အယူခံမရှိနိုင်ဟု၎င်းတို့ကပြောကြားခဲ့သည်။

ယခုကဲ့သို့အယူခံကိုပလပ်ခြင်းကြောင့် ဝန်ကြီးချုပ်လီရှန်လွန်းထံထပ်မံ အသနားခံစာတင်မည်ဖြစ်ကြောင်း ဂိုင်ယာသီရိက အယူခံ တရားရုံးသို့ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိမြန်မာနိုင်ငံသူ ပီငိုင်ဒွန်သည် လည်ပင်းတွင်ပြင်းထန်သော ဒဏ်ရာများဖြင့် ၁၄ လကြာအကြိမ်ကြိမ် ညှဥ်းပမ်းနှိပ်စက်ခံရပြီးနောက် ၂၀၁၆ ခုနှစ်ဇူလိုင်လ ၂၆ ရက်တွင်သေဆုံးသွားခဲ့သည်။

မသေဆုံးမီကာလများတွင် သူမသည်အစာအငတ်ထားခံခဲ့ရကာ ညအချိန်များတွင်ပြတင်းပေါက်သံတိုင်တွင်ကြိုးဖြင့်တုပ်ထားခံရသည်။ဆာလွန်း၍အမှိုက်ပုံးထဲမှအကြွင်းအကျန်များယူစားမိပါက ထပ်မံရိုက်နှက်ခံခဲ့ရသည်။ထို့ကြောင့် အဆိုပါအမျိုးသမီးငယ်သည် သေဆုံးချိန်တွင် ၂၄ ကီလိုသာ ကိုယ် အလေးချိန် ရှိခဲ့သည်ဟုဖော်ပြထားသည်။

ယခုအယူခံကို ဗဟိုတရားရုံးတရားသူကြီး Andrew Phang၊ Judith Prakash နှင့် Steven Chong တို့က ကြားနာခဲ့ခြင်းဖြစ်သည်။

Source – CNA/dv

 


LEAVE A REPLY

Please enter your comment!
Please enter your name here