ယူကရိန်းဂျုံတင်ပို့ရန် ရုရှားက‌ပင်လယ်လမ်းကြောင်းဖွင့်ပေးလိုက်ပြီ__အင်ဒိုသမ္မတ

0
130

ယူကရိန်းဂျုံတင်ပို့ရန် ရုရှားက‌ပင်လယ်လမ်းကြောင်းဖွင့်ပေးလိုက်ပြီ__အင်ဒိုသမ္မတ

ဂျာကာတာ၊ဇူလိုင် ၁

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း မြင့်တက်လာခြင်းကို စိုးရိမ်သဖြင့် ယူကရိန်းဂျုံတင်ပို့နိုင်ရန်အတွက် ပင်လယ်လမ်းကြောင်းကို ရုရှားဘက်က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အင်ဒိုသမ္မတဂျိုကိုဝီက မော်စကိုတွင် ရုရှားသမ္မတနှင့် ကြာသပတေးနေ့က တွေ့ဆုံအပြီးတွင်ပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးကတင်ပို့မယ့် စားနပ်ရိက္ခာနဲ့ဓာတ်မြေသြဇာအတွက် လုံခြုံရေးအာမခံချက်ပေးမယ်လို့ ပြောခဲ့တဲ့ သမ္မတပူတင်ကို တကယ်ပဲကျေးဇူးတင်မိပါတယ်၊ ဒါကသတင်းကောင်းပါပဲ” ဟု ကရင်မလင် တွင်တွေ့ဆုံပြီးနောက် သမ္မတပူတင်နှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝီဒိုဒိုကပြောကြားခဲ့သည်။

ယူကရိန်းနှင့်ရုရှားမှ အစားအစာနှင့်ဓာတ်မြေသြဇာ ထုတ်ကုန်များကို ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၌ ပြန်လည်ပေါင်းစည်းရန် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်းလည်း ဝီဒိုဒိုကပြောကြားခဲ့သည်။ကုလ၏ကြိုးပမ်းမှုတွင် ယူကရိန်းဆန်တင်ပို့နိုင်ရန်အတွက် ပင်လယ်နက်လမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်ရန်ပါပါဝင်ပြီး ယခုကိစ္စအတွက် သက်ဆိုင်သည့်ရုရှား – ယူကရိန်းနှစ်နိုင်ငံအပြင် တူရကီနှင့်ပါ ဆွေးနွေးလျက်ရှိသည်။

“အစားအစာနှင့်ဓာတ်မြေသြဇာများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထောက်ပံ့ရေးကွင်းဆက်ပြတ်‌တောက်မှုများကြောင့် လူပေါင်းသန်းရာနှင့်ချီကာ ထိခိုက်နစ်နာခဲ့ရသည်” ဟု၀ီဒိုဒိုကပြောကြားခဲ့သည်။

ရုရှားအစားအစာနှင့် ဓာတ်မြေသြဇာများကို နိုင်ငံခြားဈေးကွက်သို့တင်ပို့ရန် ပိုမိုခက်ခဲလာသည့်အတွက် အနောက်နိုင်ငံများကို ပူတင်က အပြစ်တင်ပြောဆိုခဲ့သည်။ထို့ပြင်ရုရှားသည် မိတ်ဖက်နိုင်ငံများ၏ ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းရန် အဆင်သင့်ဖြစ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“အင်ဒိုနီးရှားနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူများနှင့် အခြားရင်းနှီးသောနိုင်ငံများမှစိုက်ပျိုးထုတ်လုပ်သူများ၏ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်ရှ် ဓာတ်မြေသြဇာများနှင့် ကုန်ကြမ်းပစ္စည်းများအတွက် ဝယ်လိုအားကို အပြည့်အဝဖြည့်ဆည်းပေးရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ရုရှားသမ္မတပူတင်က‌ပြောခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီတပ်စ် ကပြောကြားခဲ့သည်။

ဝီဒိုဒိုက ဇလန်းစကီး၏ အမှာစကားကိုပူတင်ထံပေးပို့ခဲ့ပြီး စစ်ခေါင်းဆောင်နှစ်ဦးကြား ဆက်သွယ်ရေးပေါင်းကူးရန် အဆင်သင့်ဖြစ်နေကြောင်းကိုလည်း ပြောကြားခဲ့သည်။ဝီဒိုဒိုသည်ဗုဒ္ဓဟူးနေ့က ဇလန်းစကီး နှင့်တွေ့ဆုံစဉ် သူ့အနေဖြင့်ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးအဖြစ်ပါဝင်ရန်လည်း ကမ်းလှမ်းခဲ့သည်။

အင်ဒိုနီးရှားသည် ရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ရုရှားနှင့် ဆက်လက်ပူးပေါင်းသွားမည်ဟုလည်း ၎င်းကဆိုခဲ့သည်။သမ္မတပူတင်ကအင်ဒို၏ G-20 ဥက္ကဌရာထူးကိုထောက်ခံသော်လည်း နိုဝင်ဘာလ၌ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းတွင် ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် (သို့) အဝေးမှတက်ရောက်မည်ဆိုသည်ကို အတည်မပြုနိုင်သေးဟုဆိုခဲ့သည်။

အနောက်နိုင်ငံခေါင်းဆောင်အချို့က G – 20 အစည်းအဝေးသို့ ရုရှားတက်ရောက်မည်ကို သပိတ်မှောက်ရန်တောင်းဆိုမှုများရှိနေသော်လည်း ဝီဒိုဒိုသည် ပူတင်အား ထိပ်သီးအစည်းအဝေးသို့ဖိတ်ကြားခဲ့သည်။ အဝေးမှသာတက်ရောက်ရန် စီစဉ်ထားသည့် ယူကရိန်းသမ္မတဇလန်းစကီးကိုလည်း အင်ဒိုသမ္မတကဖိတ်ကြားခဲ့သည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here