(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

0
218

(၁) လအတွင်း PDF အဖွဲ့ဝင် ၂၀၅ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော

ဇွန်လ (၆) ရက်မှ (၂၉) ရက်အတွင်း ဥပဒေဘောင်းအတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၀၅ ဦး ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇူလိုင်လ (၁) ရက်တွင် နေပြည်တော်၌ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” (၆) လပိုင်း (၆) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား (၁၅၆) နဲ့ အမျိုးသမီး (၄၉) ဦး စုစုပေါင်း ၂၀၅ ဦး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရာတွင် ဧရာဝတီတိုင်း ဒေသကြီး (၁၁၉) ဦး၊ ရန်ကုန် တိုင်းအတွင်းမှ (၈) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၄၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၁၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ (၁၈) ဦး ၊ ကရင်၊ ရှမ်းနှင့် မွန်ပြည်တို့မှ (၁) ဦးစီ၊ ပဲခူးတိုင်းအတွင်း (၉) ဦး၊ ကယားပြည်နယ်မှ (၃)ဦး စသဖြင့် ရှိကြောင်း သိရသည်။

“လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန်လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် သက်ဆိုင်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ဇွန် ၆ ရက်မှ ၂၉ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦးနှင့်အမျိုးသမီး ၄၉ ဦး(စုစုပေါင်း ၂၀၅ ဦး)အား နစက ၏တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများပေးအပ်၍ မိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here