ပြည်သူ့အချစ်တော် အန်တီချိုပြုံး ဆေးရုံကဆင်းပြီ

0
569

ပြည်သူ့အချစ်တော် အန်တီချိုပြုံး ဆေးရုံကဆင်းပြီ

ပြည်သူချစ်အနုပညာရှင်ကြီးဖြစ်တဲ့ အန်တီချိုပြုံး လည်ပင်းအကျိတ်ခွဲစိပ်ကုသမှုခံယူရာမှာ ခွဲစိပ်ကုသမှုအောင်မြင်ပြီး ယနေ့မှာဆေးရုံဆင်းပြီလို့ သမီးဖြစ်သူထံမှသိရပါတယ်။

အခုလိုအကြောင်းအရာနဲ့ပတ်သက်ပြီး သမီးဖြစ်သူမိုးမိုး က” ဘန်ကောက် မှာဆေးရုံတက်နေတာ တစ်လ ရှိပြီဒီနေ့တော့ဆေးရုံကဆင်းပြီ၇ ရက်နေ့ပြန်လာမယ် ” လို့ ပြောပါတယ်။

ပြည်သူ့အချစ်တော် အန်တီချိုပြုံးဟာသီချင်းပေါင်းများစွာ ရုပ်ရှင်ကားပေါင်းများစွာမှာ အောင်မြင်ခဲ့ပြီး ပြည်သူကချစ်တဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် အခုလက်ရှိ MRTV – 4မှာပြသနေတဲ့ ” အေးရိပ်ငြိမ် “ဟာသ ဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here