ထိုင်းနယ်စပ်မှတဆင့် CDM ၀န်ထမ်းများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ထိုင်းတပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးမည်။

0
184

ထိုင်းနယ်စပ်မှတဆင့် CDM ၀န်ထမ်းများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ထိုင်းတပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးမည်

ထိုင်းနယ်စပ်မှတဆင့် CDM ၀န်ထမ်းများအပါအဝင် ကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ထိုင်းတပ်မတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဂိတ်စခန်းများဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁ ရက် နေပြည်တော်၌ ပြုလုပ်သည့် နစက၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်းတပ်မတော်အရာရှိများနှင့် နစက ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် ယင်းအကြောင်းအရာကို ပြန်လည်ထုတ်နှုတ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အချို့ကျောင်းသားကျောင်းသူတွေ လူငယ်လူရွယ်တွေ CDM ၀န်ထမ်းတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရေး အသိပေးထုတ်ပြန်ထားတာရှိပါတယ်။ အဲ့ဒီ့ အသိပေးထုတ်ပြန်မှု အပေါ် ထိုင်းတပ်မတော်ကလည်း ၎င်းတို့ ရဲ့ နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံကို အလွယ်တကူပြန်လည် ၀င်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာကို အထူးအလေးထားပြောချင်ပါတယ်။” ဟု ဆိုသည်။

လက်ရှိ နိုင်ငံတော်၏အခြေအနေကြောင့် ပြည်တွင်းပြည်ပများသို့ တိမ်းရှောင်နေကြသည့် CDM ၀န်ထမ်းများ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြပါရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

ယင်းအပေါ် ထိုင်းတပ်မတော်အနေဖြင့် ၎င်းတို့၏ နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၉ ရက်တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်မှ ကိုယ်စာလှယ်အဖွဲ့တို့ နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန်၌ နှစ်နိုင်ငံအကြားဆောင်ရွက်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေးစဉ် အဆိုပါ အချက်တစ်ချက်ကို လည်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here