ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခုတွင် မနက်ဖြန်၌ လျှပ် စစ်ဓာတ်အားယာယီပြတ်တောက်မည်

0
170

ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခုတွင် မနက်ဖြန်၌ လျှပ် စစ်ဓာတ်အားယာယီပြတ်တောက်မည်


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဇူလိုင် ၂ ရက်(မနက်ဖြန်)တွင် လျှပ်စစ်လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်မည်ဖြစ်၍ မြို့နယ် ၅ ခုတွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုများရှိမည်ဟု YESC မှအသိပေးထုတ်ပြန်ခဲ့သည်။

မရမ်းကုန်း၊လှိုင်၊တောင်ဥက္ကလာပမြို့နယ်များရှိ နေရာအချို့တွင် နံနက် ၁၁ နာရီမှမွန်းတည့် ၁၂ နာ ရီအထိနှင့်မင်္ဂလာတောင်ညွန့်မြို့နယ်၊တာမွေမြို့ နယ်နှင့်တောင်ဥက္ကလာပမြို့နယ်များအတွင်းရှိ နေ ရာအချို့တွင် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ လျှပ် စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု သိရသည်။

YESC မှရန်ကုန်ဓာတ်အားခွဲရုံ ၄ ရုံ(အလုံ၊လှော် ကား၊ရွာမ၊သာကေတ)တို့တွင် ခွဲရုံအဆင့်မြှင့်တင်လျှက်ရှိရာ သာကေတစက်ရုံရှိ (100MVA–230/ 66/11 kV)Bank -3  နှင့် (100MVA–230/ 66/11 kV)Bank -1 ထရန်စဖော်မာတို့မှ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးထားသည့် 66kV Feeder များအား (200MVA–230/66/11kV)ထရန်စဖော်မာအသစ်ဖြင့်ရွှေ့ပြောင်းဓာတ်အားပေးခြင်းလုပ်ငန်းဆောင် ရွက်ရန် 230/66/11 kV, 100 MVA Bank -3 ထရန် စဖော်မာအား နံနက် ၁၁ နာရီမှမွန်းတည့် ၁၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် 230/66/11 kV, 100 MVA Bank – 1  ထရန်စဖော်မာအား မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိလျှပ်စစ်ဓာတ်အားယာယီပိတ်၍ လုပ်ငန်းဆောင် ရွက်သွားမည်ဖြစ်သည်။ 

ထိုသို့ လုပ်ငန်းဆောင်ရွက်ချိန်၌ အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် YESC မှအလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here