ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ နေအိမ် ၄ လုံးရှိ လူများအားရွှေ့ပြောင်းပေးခဲ့ရ

0
187

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ နေအိမ် ၄ လုံးရှိ လူများအားရွှေ့ပြောင်းပေးခဲ့ရ

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊သံကိုင်းကျေးရွာအုပ် စု၊သိမ်ကုန်းကျေးရွာတွင် ဇူလိုင် ၁ ရက်(ယနေ့) နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၄ လုံးတွင်နေထိုင်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ နေအိမ် ၄ လုံးသည် မြစ်ကမ်းပါးအနီး၌ ဆောက်လုပ်နေထိုင်နေကြခြင်းဖြစ်ကာ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှစ၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် အန္တရာယ်မဖြစ်စေရန် ရွှေ့ပြောင်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ၎င်းတို့အား အဆင်ပြေစွာနေထိုင်နိုင်ရန် လိုအပ်သည်များကို တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

“ကျွန်တော်တို့လူမှုကူညီရေးအသင်းတွေရယ် မီး သတ်တပ်ဖွဲ့တွေရယ်ပေါင်းပြီး ရွှေ့ပေးခဲ့တာပါ မြစ်ကမ်းပါးပြိုကျတဲ့နေရာနဲ့အဲဒီအိမ်တွေနဲ့က ကပ်နေတော့သူတို့အတွက်အန္တရာယ်များတယ် ဒါ့ကြောင့်ရွှေ့ပေးလိုက်တာပါ”ဟုလူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here