တစ်နှစ်လျင် ဒေါ်လာသန်း ၇၀၀ လောက် အကြွေးဆပ်နေရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
ပြည်တွင်း၊ ပြည်ပ ကြွေးမြီလက်ကျန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး တစ်နှစ်လျင် အမေရိကန်ဒါ်လာ သန်း ၇၀၀ ဝန်းကျင် ဆပ်နေရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ (၁၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ အစိုးရအနေနဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး နှစ်စဉ် အတိုး၊ အရင်း ဒေါ်လာသန်း ၇၀၀ လောက်ဆပ်နေရပါတယ်’’ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယင်းသို့ ချေးငွေပမာဏ ပိုမိုများပြားလာရခြင်းမှာ နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ် လိုငွေများ တိုးလာခြင်းကြောင့်ဖြစ်ကြောင်းလည်း ဆိုသည်။
အဆိုပါ လိုငွေများကို ငွေတိုက် စာချုပ်နှင့် လက်မှတ်များ ရောင်းချခြင်း၊ ဗဟိုဘဏ်မှ ချေယူဖြေရှင်းခြင်းတို့ လုပ် ဆောင်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
‘‘လိုငွေတွေကို အစိုးရ ငွေတိုက်လက်မှတ်တွေ၊ အစိုးရငွေတိုက်စာချုပ်တွေ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာ နိုင်ငံ ဗဟိုဘဏ်က ငွေချေးယူခြင်းတိုနဲ့ ဆက်လက်ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်’’ဟု ၄င်းကပြောသည်။
နှစ်အလိုက် အစိုးရဘတ်ဂျက် လိုငွေပြမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လိုငွေအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်း၊ ပြည်ပ ချေးငွေရယူမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်တွင်းချေးငွေ ကျပ်ဘီလီယံ ၁၆၀၀၀ ကျော်နှင့် ပြည် ပချေးငွေပေါင်း ကျပ်ဘီလီယံ ၅၀၀၀ ကျော်ရှိပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အထိ ပြည် တွင်း ကြွေးမီလက်ကျန်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကြောင်းလည်း နစက သတင်းပြန်ကြားရေး အဖွဲ့ခေါင်း ဆောင်က ပြောကြားသွားသည်။
ထိုင်းပြည်၏ စီးပွားရေးအခြေအနေဖြင့် GDP လည်း ၂၀ ၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထက်ဝက်ခန့် ကျဆင်းသွားကြောင်း သိရသည်။