ဗြိတိန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပြီးနောက် ငှက်ကြည့်ကျွန်းများ ပိတ်
အီဒင်ဘာဂ်၊ ဇူလိုင် ၁
ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပြီးနောက်အင်္ဂလန်နှင့် စကော့တလန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပင်လယ်ကမ်းရိုးတန်းရှိ ဌက်ကြိုးဝိုင်းများကို လာရောက်လည်ပတ်သူများမလာအောင် ပိတ်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြသောCoquet ကျွန်းတွင် ပင်လယ်ငှက် ရာပေါင်းများစွာ သေဆုံးပြီးနောက် ကျွန်းများကို ပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Coquet ကျွန်းသည် ဗြိတိန်၏ တစ်ခုတည်းသော နှင်းဆီပင်များ ပေါက်ဖွားရာ နယ်နိမိတ်အတွင်း တည်ရှိပြီး အင်္ဂလန် အရှေ့မြောက်ဘက်ရှိ Northumberland ကမ်းရိုးတန်းမှ ပင်မ Farne ကျွန်းများ၏ တောင်ဘက် မိုင်၂၀ ခန့်အကွာတွင် ရှိသည်။
ထိုကျွန်းများကို National Trust conservation ပရဟိတအဖွဲ့မှ စီမံခန့်ခွဲလျှက်ရှိသည်။
ပင်လယ်ငှက်မျိုးစိတ် ၂၃ မျိုးနှင့် မီးခိုးရောင်ဖျံများ၏ ကိုလိုနီနယ်မြေများကို ကြည့်ရှုရန် နှစ်စဉ် လှေစီးခရီးဖြင့် ကျွန်းများသို့ လူ ၄၅,၀၀၀ ခန့် လာရောက်လေ့ရှိကြသည်။
အဆိုပါရောဂါကို ဗြိတိန်ပြည်တွင်း၌ ပြီးခဲ့သည့်ဆောင်းရာသီတွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယခုအခါ တောရိုင်းငှက်များကို ကူးစက်ကာ သေဆုံးစေကြောင်း The National Trust က ဖော်ပြခဲ့သည်။
ရောဂါပိုးရှိသောငှက်၊ ၄င်းတို့မစင်များ၊ ခန္ဓာကိုယ်အရည်များ၊အစာနှင့်ရေမှတဆင့် တိုက်ရိုက်(သို့) သွယ်ဝိုက်သော နည်းဖြင့် ငှက်များနှင့် ထိတွေ့သောအခါ ကူးစက်တတ်သည်။
လူသားများအတွက်တော့ အန္တရာယ်နည်းသေးသည်ဟု ယူဆကြသည်။
စကော့တလန်ရှိ Isle of May နှင့် Noss National Nature Reserves တို့ သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါမှ ကာကွယ်ရန် သောကြာနေ့မှ စတင်၍ အများပြည်သူမလာရန် ပိတ်ထားခဲ့ကြောင်း စကော့တလန်၏ သဘာဝအမွေအနှစ်အဖွဲ့ NatureScot မှ ပြောကြားခဲ့သည်။
Ref: cna