စက်သုံးဆီ အကြွေးဝယ်ပေးနိုင်မည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားသော်လည်း ပြည်တွင်း၌ စက်သုံးဆီ လုံ‌လောက်စွာရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံ

0
180

စက်သုံးဆီ အကြွေးဝယ်ပေးနိုင်မည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားသော်လည်း  ပြည်တွင်း၌ စက်သုံးဆီ လုံ‌လောက်စွာရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း  အာမခံ

ပြည်တွင်း၌ စက်သုံးဆီ ပြတ်တောက်မှု ဖြစ်ပေါ်မည် မ ဟုတ်ဘဲ လုံလုံလောက်လောက်ရှိကြောင်း နစက ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံပြောကြားလိုက်သည်။

ယမန်နေ့ ဇူလိုင်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက နေပြည် တော်တွင် ပြုလုပ်သည့် နစက၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

“ဇွန်လအတွင်းမှာ စက်သုံးဆီမျိုးစုံ သိုလှောင်ထားတဲ့ သင်္ဘော (၁၇) စီးခန့်ရရှိပြီဖြစ်လို့ ပြည်တွင်းစက်သုံးဆီ လုံလောက်မှုရှိတဲ့အပြင် အရန်စက်သုံးဆီကို သိုလှောင်ထားရှိထားကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ကာ ဝယ်လိုအား မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း စက်သုံးဆီ အလုံအလောက် ရောင်းချနိုင်မှုမရှိခဲ့သည့်အပေါ်  ပြည်သူလူထုက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောက်ကမူ အဆိုပါ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုများ သည် ဒေသအချို့တွင်သာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အချိန်နှင့် တပြေးညီ ဖြေရှင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။

“အချို့သောဒေသတွေမှာတော့ ယာယီအားဖြင့် ဝယ်လို အားနှင့် ရောင်းလိုအား မမျှတမှုတွေဖြစ်ပေါ်နိုင်ပေမယ့် ဒီလို အခက်အခဲတွေ လျော့ပါးဖို့အတွက် Importer ကုမ္ပ ဏီတွေနဲ့ လက်လီဆိုင်တွေကြားမှာ လိုအပ်တဲ့ညှိနှိုင်းဖြေရှင်းမှုတွေကို ကျွန်တော်တို့အချိန်နဲ့ တပြေးညီဆောင် ရွက်ပေးလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများနှင့် ပတ် သက်၍ စက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ချိခြင်းလုပ် ငန်း ကြီးကြပ်ရေး ကော်မတီက နေ့စဉ် ထုတ်ပြန်ပေးနေပြီး အဆိုပါ ရည်ညွှန်းဈေးနှုန်းနှင့် မြေပြင်ဈေးနှုန်း ကွာဟမှုများလည်း ရှိနေသည်။

အဆိုပါ စက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ချိခြင်းလုပ် ငန်း ကြီးကြပ်ရေး ကော်မတီကို စီးပွားကူးသန်း ဝန်ကြီး ဌာနမှ အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ချိရေး ကဏ္ဍတစ်ခုလုံးကို ထိန်းညှိပေးနိုင်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စက်သုံးဆီများကို သက်ဆိုင်ရာဆီ သိုလှောင်ရေးစခန်းများကို စနစ်တကျ သိုလှောင်ထားရှိထားပြီး ဟန်ချက်ညီအောင်ထိန်းညှိဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီ လုံလောက်စွာ ရှိသည်ဟုဆိုသော်လည်း   နိုင်ငံတော်အား  စက်သုံးဆီ အ ကြွေးစနစ်ဖြင့် တင်သွင်းပေးနိုင်မည့် သွင်းကုန်လုပ် ငန်းရှင်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် စီးပွားကူး သန်း ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

ယင်းသို့ ဖိတ်ခေါ်မှုအပေါ်  ဆောင်ရွက်ပေးနိုင်မည့် လုပ် ငန်းရှင်များအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ် ငန်း ကြီးကြပ်ရေးကော်မတီထံ အမြန်ဆုံး တင်ပြကြရန်လည်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

တင်သွင်းရာတွင်လည်း  ဝယ်ယူရရှိနိုင်မည့် Supplier ကုပ္မဏီ၊ ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်မည့် စက်သုံးဆီ အမျိုးအစား၊ Importer နှင့် Supplier ကြား သဘောတူညီထားသော အချက်များ၊ အများဆုံး ဆိုင်းငံ့ပေးထားနိုင်မည့် စက်သုံးဆီ ပမာဏနှင့် အချိန်ကာလကိုပါ တင်ပြပေးရမည်ဟုလည်း စီးပွားကူးသန်း ဝန်ကြီးဌာန ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here