နွမ်းပါးကလေးငယ်များအား ကျောပိုးအိတ်အလုံး ၃၀၀ ကို ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှထောက်ပံ့လှူဒါန်း

0
179

နွမ်းပါးကလေးငယ်များအား ကျောပိုးအိတ်အလုံး ၃၀၀ ကို ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှထောက်ပံ့လှူဒါန်း

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်ရှိ ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကျောင်းနေအရွယ် ကလေးငယ်များအား ကျောပိုးအိတ်အလုံး ၃၀၀ ကို ဇူလိုင် ၁ ရက်ညနေ ၄ နာရီက မန္တလေးလမ်းနှင့်သော်က(၁၇)လမ်းထောင့်၌ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

“ကျွန်တော်တို့ဘက်မှာ ကလေးတွေကျောင်းတက်တဲ့အခါ အိတ်လေးတွေကမကောင်းကြဘူး ဒါ့ကြောင့် ကျွန်တော့်အဖေမွေးနေ့မှာအမှတ်တရအ ဖြစ် ကလေးတွေကိုအခုလိုကျောပိုးအိတ်တွေ လှူ ဒါန်းပေးတာပါ”ဟု ထိုင်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြော သည်။

ထိုသို့ ထောက်ပံ့ရာတွင် ကျောင်းတက်နေသည့် ကလေးများအပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကလေးများကိုလည်း ကျောပိုးအိတ်များထောက်ပံ့လှူဒါန်းပေးခဲ့သည်။

“ကျောင်းမတက်ရတဲ့ကလေးတွေလည်း ကျောပိုး အိတ်လိုချင်ကြမှာပဲလေ ဒါ့ကြောင့် ကျွန်တော်က ကျောင်းတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ လှူတယ် ကျောင်းတက်တာမတတ်တာကို ကျွန် တော်မပြောလိုဘူး”ဟု ဦးစိုးလှမြင့်ကပြောသည်။

ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ထိုက်သူပန်မနက်ခင်းအဆာ‌ပြေထမင်းအလှူနှင့်ထိုက်သူပန်ညနေခင်းအာဟာရဒါနအလှူတို့အား နေ့စဥ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here