ဂျပန်နိုင်ငံအစိုးရမှ မြန်မာရွှေ့ပြောင်းကလေးငယ်များတက်ရောက်နေသည့် FED စာသင်ကျောင်းအ တွက် ကျောင်းအဆောက်အဦးနှင့်ကျောင်းကားများလှူဒါန်း

0
147

ဂျပန်နိုင်ငံအစိုးရမှ မြန်မာရွှေ့ပြောင်းကလေးငယ်များတက်ရောက်နေသည့် FED စာသင်ကျောင်းအ တွက် ကျောင်းအဆောက်အဦးနှင့်ကျောင်းကားများလှူဒါန်း

မြန်မာရွှေ့ပြောင်းကလေးငယ်များတက်ရောက်ပညာသင်ကြားနေသည့် ထိုင်းနိုင်ငံရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FDE)အတွက် ဂျပန်နိုင်ငံအစိုးရမှ ကျောင်းအဆောက်အဦးတစ်ခုနှင့်ကျောင်းကား ၂ စီးအား ဇွန် ၃၀ ရက်ကလှူဒါန်းခဲ့သည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာစာ သင်ကျောင်းများ၌ ကျောင်းတက်သည့် ကလေးငယ်များ များလာ၍ စာသင်ကျောင်းဆောင်နှင့် ကျောင်းကား အခက်အခဲများရှိသဖြင့် ဂျပန်အ စိုးရ၏(GGP Project)မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ တကွာပါမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာက လေးများအထက်တန်းကျောင်း(ULC)နှင့်ကူရဘူရီမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာကလေးများမူလတန်းကျောင်း(ACME)တို့အတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လှူဒါန်းရာတွင် ထိုင်းဘတ်ငွေ ၃၈ သိန်းတန် ဖိုးရှိ ကျောင်းကားနှစ်စီးနှင့် ထိုင်းဘတ်ငွေ ၃၇ သိန်းတန်ဖိုးရှိတဲ့ အထက်တန်းကျောင်းဆောင်တစ်ခုတို့ဖြစ်သည်။

ဂျပန်အစိုးရ၏(GGP Project)မှ FED အား ၂၀၀၈ ခုနှစ်မှစတင်၍ ကျန်းမာရေးဌာနအတွက် ကူညီထောက်ပံ့မှုများနှင့်စာသင်ကျောင်းဆောင်များဆောက်လုပ်လှူဒါန်းပေးခဲ့ကာ ဆရာ၊ဆရာမများ သွားလာရေးအဆင်ပြေစေရန် ဆိုင်ကယ်များထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here