ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးနှင့် ရုံးထုတ်စစ်ဆေးမှုအဆင်ပြေစေရေး အကျဥ်းထောင်သို့ ပြောင်းရွှေ့ရခြင်းဖြစ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

0
210

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးနှင့် ရုံးထုတ်စစ်ဆေးမှုအဆင်ပြေစေရေး အကျဥ်းထောင်သို့ ပြောင်းရွှေ့ရခြင်းဖြစ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ရုံးထုတ်စစ်ဆေးမှုများအဆင်ပြေစေရန်အတွက် နေပြည်တော်အကျဥ်းထောင်းအတွင်းသို့ ပြောင်းရွှေ့ထားရခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယမန်နေ့ ဇူလိုင်၁ ရက်ကပြုလုပ်ခဲ့သည့်နစက၏ ၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့အနေနဲ့ နေရာပြောင်းရွှေ့ထားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးတလည်စောင့်ရှောက်မှုများ ကျွန်တော်တို့ ပြုလုပ်ထားပါတယ်ဟု ဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အားနေပြည်တော်အချုပ် ထောင်သီးသန့်တရားရုံးတွင် ရွေးကောက်နှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုအပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အမှုများကိုစစ်ဆေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား မူလထိန်းသိမ်းထားသည့် နေရာမှ ဇွန် ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နစက အနေဖြင့်ထုတ်ပြန်ထားပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here