အမေရိကန်နိုင်ငံသားများအား ပြည်ဝင်ခွင့်ကန့်သတ်ထားခြင်းကို တရုတ်ဖြေလျှော့ပေးမည်

0
160

အမေရိကန်နိုင်ငံသားများအား ပြည်ဝင်ခွင့်ကန့်သတ်ထားခြင်းကို တရုတ်ဖြေလျှော့ပေးမည်

ပေကျင်း၌ ချမှတ်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးစည်းမျဉ်းများကို လျှော့ပေါ့ပေးသောကြောင့် တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံသားများ ဝင်ခွင့်ကန့်သတ်ခြင်းကို ဖြေလျှော့ပေးမည်ဖြစ်ရာ အမေရ်ိက မှ တိုက်ရိုက်မလာဘဲ တတိယနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားလာခွင့်ကိုလည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ တရုတ်သံရုံးက သောကြာနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ပြည်ပခရီးသည်များမှ ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချရန် ရည်ရွယ်ထုတ်ပြန်ထားသော တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝ ပပျောက်ရေး မူဝါဒကြောင့် နိုင်ငံတကာ ခရီးသွားလာမှုတွင် အတားအဆီးများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသစ်ထုတ်ပြန်ထားသည့် မူဝါဒ အရ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ပြင်ဆင်နေသော လက်ရှိ အမေရိကန်တွင် နေထိုင်နေသူ သို့မဟုတ် တတိယနိုင်ငံတွင် ရောက်ရှိနေသူ အမေရိကန်နိုင်ငံသားများသည် တရားဝင် ကိုဗစ်ရောဂါ အနုတ်လက္ခဏာပြ ဆေးစစ်ချက်ရှိပါက တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်သည့် အစိမ်းရောင်ကျန်းမာရေးကုဒ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ယခင်က သံရုံးသည် အမေရိကမှ တိုက်ရိုက်ပျံသန်းသော အမေရိကန်နိုင်ငံသားများကိုသာ အဆိုပါကုဒ်များကို ထုတ်ပေးခဲ့သည်။

တရုတ်နိုင်ငံသည် မကြာသေးမီက အခြားနိုင်ငံမှ နိုင်ငံသားများအတွက်ပါ အလားတူ ကန့်သတ်ချက်လျှော့ချမှုများကို ပြုလုပ်ပေးခဲ့သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံသားနှင့် အခြားနိုင်ငံသားများအတွက် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် လျှော့ချပေးပြီးနောက်ပိုင်း ယခုအခါ ထပ်မံ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here