မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံအထူးကိုယ် စားလှယ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့တွေ့ဆုံ

0
160

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံအထူးကိုယ် စားလှယ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့တွေ့ဆုံ

မြန်မာနိုင်ငံသို့ (၅) ရက်တာ ခရီးရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်သည် ဇူလိုင်လ (၁) ရက်‌ နံနက်ပိုင်းက NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ် သက်၍ ရလဒ်ကောင်းများရရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိက ထားဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်မှလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ Win-Win မူဝါဒကို အကောင် အထည်ဖော်ရာတွင် အတွေ့အကြုံများ မျှဝေခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ သွားလာရခက်ခဲသော ဒေသများမှ ပြည်သူများအား လူသားချင်းစာနာမှု အကူ အညီနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (NSPNC) ၏ ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ထို‌နောက် အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ (၇)ဖွဲ့နှင့် ဆက်လက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ပေးခဲ့သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ချမှတ်ပေးခဲ့သော Win – Win Policy ကို အောင်မြင်စွာ အကောင်အ ထည် ဖော်ခဲ့ပုံများကို အစည်းအဝေးတွင် မျှဝေပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here