နေတိုးမှပြန်လာသောဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် အားပြသနာများကကြိုနေ

0
205

နေတိုးမှပြန်လာသောဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် အားပြသနာများကကြိုနေ

လန်ဒန်၊ဇူလိုင် ၂

မက်ဒရစ်တွင် နေတိုးထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီးနောက် ပြန်လာသောဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်သည် လန်ဒန်အရောက်တွင် အကျပ်အတည်းအခြေအနေများကြား ပြန်လည်ရောက်ရှိခဲ့သည်။

လန်ဒန်ကလပ်တစ်ခုတွင် လူနှစ်ဦးအား မဖွယ်မရာလက်‌ေရာက်မှုကို ကျုးလွန်သည်ဟု သတင်းရရှိပြီးနောက် Tory ၏လက်ထောက်အကြီးအကဲ Chris Pincher သည် ရာထူးမှ နုတ်ထွက်သွားသည် ။

အကြီးတန်းကွန်ဆာဗေးတစ် အမတ်တဦးအားအရှုပ်တော်ပုံတခုကြောင့် အစိုးရမှ နုတ်ထွက်ရန် တွန်းအားပေး
ခံနေရသည်။

၎င်း၏ပါတီမှအာဏာရ အမတ်တဦး သည် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။

ကွန်ဆာဗေးတစ်အမတ် Chris Pincher သည် “အလွန်အကျွံသောက်မိသည်၊ ကိုယ့်ကိုယ်ကိုလည်းရှက်လှပါသည်” ဟု ဝန်ခံပြီးနောက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ကွန်ဆာဗေးတစ်အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

လန်ဒန်ရှိ သီးသန့် Carlton Club တွင် လူနှစ်ဦးက ကွန်ဆာဗေးတစ်များထံ တိုင်ကြားမှုများ ပြုလုပ်ထားသည်ဟု သတင်းများက ဆိုသည်။

အောက်လွှတ်တော်အမတ်တဦးဖြစ်သည့် ကွန်ဆာဗေးတစ်အမတ် Neil Parish သည် ၎င်း၏မိုဘိုင်းလ်ဖုန်းတွင် ညစ်ညမ်းရုပ်ပုံများကို ကြည့်ရှုခြင်းကြောင့် ဧပြီလတွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

ယင်းကြောင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီသည် အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်များအား ရှုံးနိမ့်ခဲ့သည်။

အသက် ၅၈ နှစ်ရှိ ဝန်ကြီးချုပ်သည် ဒေါင်းနင်းလမ်းရှိ lockdown-breaking ပါတီများနှင့်ပတ်သက်၍ ပါလီမန်အမတ်များကို လိမ်လည်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှု ရင်ဆိုင်နေရဆဲဖြစ်သည်။

ဗြိတိန်တွင် ပိုဆိုးလာသော လူနေမှုစရိတ်အကျပ်အတည်း၊လုပ်ခလစာနှင့် လုပ်ငန်းခွင်အခြေအနေများကြောင့် သမဂ္ဂအမျိုးမျိုး၏ သပိတ်မှောက်မှုများနှင့် ကြုံနေရသည်။

နိုင်ငံသည်လည်း Brexit အဖြစ်အဆင်ပြေအောင်ဆက်လက်ရုန်းကန်နေရပြီးဥရောပသမဂ္ဂနှင့်ကုန်သွယ်ရေးစစ်ပွဲမဖြစ်အောင်ကြိုးစားနေရသည်။

ဗြိတိန်၏ ယခုနှစ် ကုန်သွယ်ရေးသည် စံချိန်တင် အဆိုးဆုံးအဆင့်သို့ ကျဆင်းသွားကြောင်းThe Financial Times က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here