မေလကုန်ပိုင်းမှစကာ ကမ္ဘာလှည့်ခရီးသွားများကို e-Visa စနစ်ဖြင့် ဝင်ရောက်ခွင့်ပြုနေကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးပြော

0
194
မေလကုန်ပိုင်းမှစကာ ကမ္ဘာလှည့်ခရီးသွားများကို e-Visa စနစ်ဖြင့် ဝင်ရောက်ခွင့်ပြုနေကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးပြော
ပြည်ပမှ ဝင်ရောက်မည့် ကမ္ဘာလှည့် ဧည့်သည်များကို ပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုရာတွင် မေလကုန်ပိုင်းမှစကာ e-Visa စနစ်ဖြင့် ခွင်ပြုပေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဇူလိုင်လ (၁) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် အ စည်းအဝေးတွင် လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့် ဗီဇာတို့နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
” ဧပြီ ၁၇ ရက်မှ စတင်၍ နိုင်ငံတကာ လေကြောင်းလိုင်းများကို ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့ပြီး e-Visa စနစ်ဖြင့် လုပ်ငန်းဗီဇာများကို စတင်ခွင့်ပြုပေးခဲ့ပြီးနောက် မေ ၂၀ ရက်မှစတင်၍ ကမ္ဘာလှည့် ဗီဇာများကိုလည်း e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာလေကြောင်း လိုင်း (၁၁)လိုင်းဖြင့် ခရီးစဉ်ပေါင်း (၁၅) ခုမှခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင် ရောက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တဌေးအောင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်္ကာပူ၊ အမေရိကန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာ စာရင်းများအရ သိရသည်။
ယင်းကဲ့သို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တဖြည်း ဖြည်း တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးနှင့် ၎င်းတို့၏လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေး အတွက် လိုအပ်သော သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် အရေးကြီးကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ခရီးသည်များ၏ ဝင်ရောက်လည်ပတ်မှုအစီ အစဉ်ကို သိရှိနိုင်ရေးအတွက် e-Visa လျှောက်လွှာ ပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်းခြင်း၊ ခရီးသည်များ ဝင်ရောက် လာသည့်အခါ လေယာဉ်ပေါ်တွင် ကြိုတင် ဖြည့်သွင်းရသော Arrival Card များ၌ ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ သွားရောက်မည့် နေရာဒေသများကို ဖြည့်သွင်းရန် စသည့်အချက်များ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ပြော သည်။
ထို့အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာ လှည့်ခရီးသွားဧည့်သည်များ ၏ စာရင်းကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံ ခန့်ခွဲမှုစနစ် (GLMS)ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here