မြန်မာသံတေးသံရှင် ပိုင်သက်ကျော်အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

0
81

မြန်မာသံတေးသံရှင် ပိုင်သက်ကျော်အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မြန်မာသံတေးသံရှင်ပိုင်သက်ကျော်ဟာ CDM သမားများကိုထောက်ပံ့မှုဖြင့်အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်ကအဆိုတော်ပိုင်သက်ကျော်အမှုနဲ့ပတ်သက်ပြီး
ပိုင်သက်ကျော်ရဲ့မိခင်နဲ့အတူ ပြစ်ဒဏ်မကျမီကတည်းက အသနားခံစာတင်ပြထားပြီးဖြစ်ကြောင်း၊ ဂီတသမားများဖြစ်သည့်အတွက် ကူညီရန်အမြဲအဆင်သင့်ရှိကြောင်းပြောပါတယ်။

” ထောင်၃ နှစ်ချခံရတာမှန်ပါတယ်။ အနုပညာရှင်အချို့က ပိုင်သက်ကျော် ကမသန်စွမ်းဖြစ်နေတဲ့အတွက် ဒီ ထောင်ဒဏ် ၃ နှစ်ချတာနဲ့ပတ်သက်ပြီးအသနားခံစာတင်မယ်”လို့အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။

အဆိုတော် ပိုင်သက်ကျော်ကို အင်းစိန်ထောင်အထူး တရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ( ၅၀ )ည ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here