PR စနစ်ဖြစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုပြုလုပ်၍ ရလာသည့် မဲများကို ပယ်ဖျက်ပစ်မည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးပြော

0
146

PR စနစ်ဖြစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုပြုလုပ်၍ ရလာသည့် မဲများကို ပယ်ဖျက်ပစ်မည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးပြော

၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်ရန်ရှိသည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့်ကျင်းပပြုလုပ်မည်ဖြစ်ရာ၊ ယင်းရွေးကောက်ပွဲအတွင်း တရားမဲ့ပြုကျင့်မှု ပြုလုပ်၍ ရရှိရသည့် မဲများကို ပယ်ဖျက်ပစ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်၍ ယမန့်နေ့ ဇူလိုင် ၁ရက်က ပြုလုပ်သည့် နစက၏ ၁၇ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအပေါ် မည်သည့်နှောင်ကြိုး၊ ဖိအား၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မှုမရှိဘဲလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

” ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုကြောင့် ကန့်ကွက်လွှာတင်ခံရပြီး ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ချက်အရ ရွေးကောက်တင်မြှောက်ခြင်းကနေပယ်ဖျက်ကြောင်း အတည်ပြုဆုံးဖြတ်ရင် ပါတီကနေ မဲဆန္ဒနယ်ထဲက ရရှိတဲ့ ဆန္ဒမဲရလာဒ်တွေကို ပယ်ဖျက်ခံရမှာဖြစ်တယ်”ဟု ဦးခင်မောင်ဦးကဆိုသည်။

ယင်းအတွက်ရွေးကောက်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်သက်ဆိုင်ရာရွေးကောက်ပွလြုပ်ထုံးလုပ်နည်းများသိရှိနားလည်ရန်လိုအပ်ကြောင်း ဆိုသည်။

ထို့အတွက် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့် တရားမဲ့ပြုကျင်မှုများကိုကျူးလွန်ပါကဥပဒေနဲ့အညီ ထိ ရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားမဲ့ပြုကျင့်မှုများအတွက် ကော်မရှင်က ဥပဒေနည်းဥပဒေများကို ပြဌာန်းနိုင်ရန် ရေးဆွဲလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အမှုပေါင်း တစ်ထောင်ကျော်ဖြစ်ခဲ့ပြီး၊ ယင်းအတွက်အရေးယူဆောင်ရွက်မှုများလည်းပြုလုပ်ချက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here