ပုဇွန်တောင်စျေး၌ ယနေ့ညမီးလောင်မှုအပါအဝင် ယခုတစ်ပတ်အတွင်း ၃ ကြိမ်မီးလောင်ခဲ့

0
112

ပုဇွန်တောင်စျေး၌ ယနေ့ညမီးလောင်မှုအပါအဝင် ယခုတစ်ပတ်အတွင်း ၃ ကြိမ်မီးလောင်ခဲ့

ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်စျေးတွင် ယနေ့ညမီးလောင်မှုအပါအဝင် ယခုတစ်ပတ်အတွင်း၌ မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထိုသို့ မီးလောင်ရာတွင် ဇူလိုင် ၂ ရက်(ယနေ့)ည ၆ နာရီ ၅၅ မိနစ်ခန့်က ပုဇွန်တောင်စျေးတွင် မီး လောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့်တာမွေမြို့နယ်မီးသတ်စခန်းတို့မှမီးသတ်ကား ၂ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။

အလားတူ ဇူလိုင် ၁ ရက်ည ၈ နာရီ ၄၅ မိနစ်တွင်လည်း ပုဇွန်တောင်စျေး၌ပင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့်တာမွေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့သည်။

အဆိုပါ ဇူလိုင် ၁ ရက်နှင့် ၂ ရက်(ယနေ့)တွင် ပုဇွန်တောင်စျေး၌ မီးလောင်မှုဖြစ်စဥ်များမှာ မီးလန့်မှုသာဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပုဇွန်တောင်စျေး၌ ဇွန် ၂၆ ရက်ည ၆ နာရီ ၁၅ မိနစ်တွင်လည်း ဆိုင်ခန်းတစ်ခုမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သဖြင့် ပုဇွန်တောင်မြို့ နယ်မီးသတ်စခန်းနှင့်တာမွေမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် ည ၆ နာရီ ၂၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၂၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကာ မီးစတင်လောင်ကျွမ်းခဲ့သည့် ကုန်မျိုးစုံဆိုင်သည် ဆိုင်ခန်းနှင့်ကုန်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here