ပြည်သူများ၏ လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ရည်မှန်းချက်၊မူဝါဒ၊လုပ်ငန်းစဉ်၊ Action Plan ၈ ရပ်ချမှတ်ကာ သမဝါ ယမအသင်းပေါင်း ၃၉၃၉၉ သင်းကိုဖွဲ့စည်းခဲ့ပြီးဖြစ်

0
234

ပြည်သူများ၏ လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ရည်မှန်းချက်၊မူဝါဒ၊လုပ်ငန်းစဉ်၊ Action Plan ၈ ရပ်ချမှတ်ကာ သမဝါ ယမအသင်းပေါင်း ၃၉၃၉၉ သင်းကိုဖွဲ့စည်းခဲ့ပြီးဖြစ်

နှစ် ၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားအား ဇူလိုင် ၂ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ပြုလုပ်ရာ သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။

“ကမ္ဘာ့လူဦးရေရဲ့ သန်း ၂၈၀ ကျော်ကို ကမ္ဘာ့သမ ဝါယမအသင်းတွေက အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးလှမိုးကပြောသည်။

ထို့ပြင် သမဝါယမများသည် စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခြင်း၊သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပျက်စီးမှုနှင့်ရာသီဥတုပြောင်းလဲခြင်းတို့အား ထိန်းသိမ်းကာကွယ်ပေးခြင်း၊အလုပ် အကိုင်ကောင်းများဖော်ဆောင်ပေးခြင်း၊အစား အစာဘေးကင်းလုံခြုံရေးနှင့်ဖူလုံစေရေးအတွက် အကူအညီအထောက်အပံ့ပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

အလားတူ ဒေသဆိုင်ရာအဖွဲ့အစည်းများအတွင်း ငွေကြေးအရင်းအနှီးထောက်ပံ့ပေးခြင်း၊လူ့ကျင့် ဝတ်စံတန်ဖိုးများအား ပျိုးထောင်ပေးခြင်း၊အ များပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များနှင့်ဘေးကင်းလုံခြုံမှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် စစ်မှန်သည့် ငြိမ်း ချမ်းမှုကို အထောက်အကူပြုနိုင်ခြင်းတို့ကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“သမဝါယမဦးစီးဌာနဟာ ပြည်သူတွေရဲ့ လူမှုစီး ပွားအတွက် ထိရောက်အကျိုးရှိမယ့် မျှော်မှန်းချက်၊ရည်မှန်းချက်၊မူဝါဒ၊လုပ်ငန်းစဉ်၊ Action Plan ၈ ရပ်ချမှတ်ပြီး ဒီနေ့အထိ သမဝါယမအ သင်းပေါင်း ၃၉၃၉၉ သင်းကိုဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့အတူ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ် အလုပ်လုပ်လိုသူများ၊လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများအား စည်းရုံးဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောသည်။

ထို့ကြောင့် သမဝါယမလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဌာနအချင်းချင်း၊သမဝါယမဦး စီးဌာနနှင့်အသင်းများအချင်းချင်း ပေါင်းစပ်ညှိ နှိုင်းကာ လုပ်ငန်းများအောင်မြင်မှုရှိစေရန် သမဝါ ယမအခြေခံမူများ၊ကျင့်ဝတ်နှင့်အနှစ်သာရများအား လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဟု ပြော သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here