အသုံးပြုသူများ၏အချက်အလက်ကို မျှဝေခြင်းမပြုပါဟု Tik Tok ဆို
နယူးဒေလီ၊ဇူလိုင် ၂
တရုတ်ကွန်မြူနစ်ပါတီ (CCP)သည် Tik Tok အသုံးပြုနေသည့် အမေရိကန်လူမျိုးများ၏ ဒေတာအချက်အလက်ကိုမည်သည့်အခါကမျှ တောင်းဆိုခြင်းမရှိကြောင်း Tik Tok ကုမ္ပဏီကရှင်းလင်းပြောကြားခဲ့သည်။
“၎င်းတို့အနေဖြင့် အသုံးပြုသူ၏ဒေတာများ ကို CCP သို့မပေးသေးသလို မေးလာလျှင်လည်းပေးမည်မဟုတ်” ဟု ကုမ္ပဏီမှ အတည်ပြုခဲ့သည့် တရားဝင်စာတွင်ဖော်ပြထားသည်။
ဒေတာသိမ်းဆည်းပုံမူဝါဒများနှင့် ပတ်သက်၍ ရီပတ်ဘလီကန်အမတ် ကိုးဦး၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် TikTok က ၎င်းတို့သည် သုံးစွဲသူဒေတာဝင်ရောက်ကြည့်ရူခွင့်ကို ကန့်သတ်ထားပြီး ၎င်း၏မိခင်ကုမ္ပဏီဖြစ်သည့် တရုတ်ကုမ္ပဏီ ByteDance မှသက်ဆိုင်ရာ ဝန်ထမ်းများသာကြည့်ပိုင်ခွင့်ရှိသည်ဟုပြောကြားခဲ့သည်။
မကြာသေးမီက TikTok ၏အချက်အလက် သိမ်းဆည်းမှုမဟာဗျူဟာနှင့်ပတ်သက်၍စုံစမ်းမေးမြန်းမှုများရှိနေခဲ့ရာ ၎င်းဒေတာများကို Oracle မှ လုပ်ဆောင်သည့် US အခြေစိုက် ဆာဗာများတွင် သိမ်းဆည်းထားကြောင်း ကုမ္မဏီကပြောကြားခဲ့သည်။
အမေရိကန်အခြေစိုက် လုံခြုံရေးအဖွဲ့မှ စောင့်ကြည့်ထိန်းချုပ်နေပြီး “ခိုင်မာသောဆိုက်ဘာလုံခြုံရေးထိန်းချုပ်မှုများနှင့် ခွင့်ပြုချက်လုပ်ရိုးလုပ်စဥ်” များဖြင့်သာလုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။
ယခုအချိန်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းကို အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မတီ (CFIUS) မှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု AFP ၏အစီီရင်ခံချက်အရသိရှိရသည်။
TikTok သည်ပြီးခဲ့သည့်နှစ်ကတည်းက အိမ်ဖြူတော်မှဖိအားများကို ရင်ဆိုင်နေခဲ့ရပြီး သမ္မတဒေါ်နယ်ထရမ့်က လုံးဝတားမြစ်ခဲ့သည်။သို့သော်နောက်ပိုင်းတွင် ဂျိုးဘိုင်ဒင်မှပြန်လည်ရုပ်သိမ်းခဲ့သည်။သို့သော် ကုမ္ပဏီသည် လက်ရှိUS အစိုးရ၏စိစစ်မှုကိုရင်ဆိုင်ဆိုင်နေရဆဲဖြစ်သည်။
Source – Wio News