အောင်ဆန်းကွင်းအား အိုလံပစ်အားကစား ပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြှင့်တင်မည်

0
329

အောင်ဆန်းကွင်းအား အိုလံပစ်အားကစား ပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြှင့်တင်မည်

အောင်ဆန်း အားစကားကွင်းအား အိုလံပစ်အားကစား ပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြှင့်တင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

ဇူလိုင်လ (၂) ရက်နေ့က အောင်ဆန်းအားကစား ပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်း ဖြစ် သည်။

“မြန်မာ့အားကစား အောင်မြင်မှု စတင်ခဲ့သည့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် ဆောင်ရွက်၍ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောက်ရန် လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။


အဓိက အားကစားကွင်းကြီးအတွင်း အားကစားနည်း (၈) မျိုးကို နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ ယာဉ်ရပ်နားရန်နေရာများနှင့် Public Area များကို စနစ်တကျဖော်ဆောင်ပေးနိုင်ရန်လည်း တွက်ချက်စဉ်းစား စေလိုကြောင်း က စားကွင်း အဆင့်မြှင့်တင်မှု၌ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ရေရှည်တည်တံ့မှုရှိစေရန်အတွက် သက်ဆိုင်ရာ  ဝန်ကြီး ဌာနအသီးသီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စစ်အင် ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ ပေါင်းစပ်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့သည်။

အောင်ဆန်းအားကစား ဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ်ကာ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစား ပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ် မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်ဆန်း အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု ပြီးစီးပါက အဓိကအားကစားကွင်းကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံ လေလုံအားကစားရုံတွင် ပရိသတ် ၃၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here