စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ရန်ကုန် (ဓနိတော)အား နစက ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခဲ့

0
134

စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ရန်ကုန် (ဓနိတော)အား နစက ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေးခဲ့


ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်ရှိ စွမ်းအင်ဝန် ကြီးဌာန၊မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပင်မသို လှောင်ဖြန့်ဖြူးရေးဌာနကြီး၊ရန်ကုန်(ဓနိတော)သို့ ဇူလိုင် ၂ ရက်က နစက ဥက္ကဋ္ဌမှကြည့်ရှု့စစ်ဆေး ခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်တာ ဝန်ရှိသူတို့က ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ရန်ကုန်(ဓနိတော)၏ သိုလှောင်နိုင်မှုအခြေအနေ၊ရာသီဥတုကြောင့် ဓနိတောဆိပ်ခံတံတား ပျက်စီးခဲ့မှုနှင့်ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာ နမြန်မာ့မီးရထားမှ သိုလှောင်ကန်များနှင့်ဆိပ်ခံဘောတံတားငှားရမ်းသုံးစွဲခဲ့မှု၊မြန်မာ့မီးရထားမှ ဒီဇယ်ဆီဝယ်ယူရရှိမှု၊မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ ဆိပ်ကမ်းနယ်မြေဖြစ်၍ စနစ်တ ကျရှိစေရန်နှင့်လိုအပ်သည်များအား မှာကြားပြီးနောက် ဆီသိုလှောင်ကန်များနှင့် ဆိပ်ခံတံတားတို့အား ကြည့်ရှု့စစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here