ဖောင်းပြင်တွင် အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

0
214

ဖောင်းပြင်တွင် အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် အလယ် တန်းပြ ကျောင်းဆရာတစ်ဦးအား ဓားဖြင့်ထိုး၍ သတ် ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားဖြင့်ထိုး၍ သတ်ဖြတ်ခံရသည့် အလယ်တန်း ပြ ကျောင်းဆရာမှာ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေး ရွာ အလယ်တန်းကျောင်းမှ ဦးနေစိုး ဆိုသူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇွန်လ (၃၀) ရက် နံနက်ပိုင်းက ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ အစည်းဝေး တက်ရောက်ရန် ထွက်ခွာသွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးနေသည့်အတွက် ကျေးရွာသားများက လိုက်လံရာဖွောခဲ့ရာ ဆရာဦးနေစိုးအား ကျေးရွာသုသာန်အနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံး‌ေနသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ  အလယ်တန်းပြ ကျောင်းဆရာ ဦးနေစိုး (၃၈) နှစ်တွင် လည်ပင်းထိုးသွင်း၊ ပြတ်ရှဒဏ်ရာ (၃) ချက် တွေ့ရှိရသည့်အတွက် ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁) ရက် နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေ သကြီး၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်ဟောင်းတစ်ခု မိုင်းထောင်ဖောက်ခွဲခြင်း ခံရသည့်အ တွက် အမိုးသွပ် (၃)ချပ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်များ၌  ပါဝင်ပတ်သက်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here