ပြင်သစ် ဝန်ကြီးချုပ်က သြစတြေးလျဝန်ကြီးချုပ်အား အနာဂတ်ကိုသာအာရုံစိုက်​စေချင်ကြောင်းပြောကြား

0
147

ပြင်သစ် ဝန်ကြီးချုပ်က သြစတြေးလျဝန်ကြီးချုပ်အား အနာဂတ်ကိုသာအာရုံစိုက်​စေချင်ကြောင်းပြောကြား

ပဲရစ်၊ ဇူလိုင် ၁ ရက်

ပဲရစ်နှင့် သဘောတူထားသည့် ရေငုပ်သင်္ဘောစာချုပ် ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့သည့် ဩစတြေးလျသမ္မတဟောင်းကြောင့် တင်းမာခဲ့ရသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်တည်ဆောက်ရန် ကြိုးစားနေစဉ် လတ်တ​လောတွင် အနာဂတ်ကိုသာ အာရုံစိုက်​စေလိုကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်န်က ဩစတြေးလျဝန်ကြီးချုပ်သစ် အန်တိုနီ အယ်လ်ဘာနီးစ်အား ပြောကြားခဲ့သည်။

ဩစတြေးလျက ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ပြင်သစ်ရေငုပ်သင်္ဘောအစီအစဉ်ကို ဖျက်သိမ်းကာ အမေရိကန်နှင့် ဗြိတိန်နည်းပညာဖြင့် ရေငုပ်သင်္ဘောများ တည်ဆောက်ရန် ရွေးချယ်လိုက်သောကြောင့် အဆိုပါ အနောက်မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ၂၀၂၁ အောက်တိုဘာလတွင် တင်းမာသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။


မက်ခရွန်န်သည် အယ်လ်ဘာနီးစ်အား ပဲရစ်မြို့ရှိ Elysee နန်းတော်မှ ကြိုဆိုခဲ့ပြီးနောက် သတင်းထောက်များက ၎င်းတို့နှစ်ဦးအား ဩစတြေးလျဘက်မှ တောင်းပန်သင့်သလားဟု မေးမြန်းခဲ့သည်။

မက်ခရွန်န်က ဖြစ်ပျက်ခဲ့သမျှသည် အယ်လ်ဘာနီးစ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် ကျွန်ုပ်တို့သည် အတိတ်ကိုလျစ်လျူရှုကာ အနာဂတ်ကိုသာ ရှေးရှုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြင်သစ်သမ္မတအိမ်တော်၌ ရောက်ရှိနေသော အယ်လ်ဘာနီးစ်သည် ထို့သို့ နွေးထွေးစွာကြိုဆိုသည့်အတွက်ကြောင့် ကျေးဇူးတင်ကြောင်းနှင့် ဖြစ်ပျက်ခဲ့သော သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် ယုံကြည်မှု၊ လေးစားမှုနှင့် ရိုးသားမှုတို့သာ အရေးပါကြောင်း ပြောဆိုခဲ့သည်။

သောကြာနေ့တွင် မက်ခရွန် က ၎င်းတို့နှစ်နိုင်ငံသည် ကာကွယ်ရေးနှင့် ပထဝီဝင်နိုင်ငံ​ရေးဆိုင်ရာ ကိစ္စရပ်များသာမက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အရေးပါသော သတ္တုများ၊ အာကာသ၊ ဝင်ရိုးစွန်းများဆိုင်ရာ ကာကွယ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here