မဟာအောင်မြေမြို့နယ်တွင် ပရိဘောဂဆိုင်အား လူတစ်စုမှသေနတ်ပြခြိမ်းခြောက်၍ ရွှေနှင့်ငွေကျပ်သိန်း ၁၅၀ ကျော်အားလုယက်ယူဆောင်သွားခဲ့

0
146

မဟာအောင်မြေမြို့နယ်တွင် ပရိဘောဂဆိုင်အား လူတစ်စုမှသေနတ်ပြခြိမ်းခြောက်၍ ရွှေနှင့်ငွေကျပ်သိန်း ၁၅၀ ကျော်အားလုယက်ယူဆောင်သွားခဲ့

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ပရိဘောဂဆိုင်အား ဇူလိုင် ၂ ရက်ညပိုင်းက လူတစ်စုမှသေနတ်ပြခြိမ်းခြောက် ၍ ငွေကျပ်သိန်း ၁၅၀ နှင့်ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က အခင်းဖြစ်ပရိဘောဂဆိုင်အား အမည်မသိအမျိုးသား ၇ ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာကာ ပိုင်ရှင်ဖြစ်သူအမျိုးသား ရှိ၊မရှိမေးမြန်းပြီးနောက် နေအိမ်အ ပေါ်ထပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် သေနတ်ပြခြိမ်းခြောက်ကာ အခန်းတစ်ခုအတွင်းရှိ ဘီရိုအားသော့ဖွင့်ခိုင်းပြီး ပိုက်ဆံသိန်း ၁၅၀ ကျော်နှင့်ရွှေ ၁၂ ကျပ်သားခန့်အားယူဆောင်၍ ၃၆ လမ်းအတိုင်း အရှေ့ဘက်သို့မောင်းနှင်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက သတင်းအ ရ လာရောက်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး CCTV မှတ်တမ်းများကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here